《Zawgyi》
2.9[ယောင်းချန်ဘဝ]
တရုတ်ချစ်သူများနေ့တွင်တော့ ဗီဒီယို တစ်ပုဒ်လုံးအား တင်ပေးလိုက်ပြီး အိုးရန်ကျီနှင့် ယောင်းချန်တို့၏ Weibo အကောင့်တွေမှာ ပရိသတ်တွေကြောင့် စည်ကားနေချေ၏။ တစ်ချိန်ထဲမှာပင် ကျန်းရှင်းရန်ကလည်း အလုပ်လုပ်ဖို့အတွက် အေဂျင်စီအသစ်ကို ရှာဖွေနေလေသည်။
ထိုသတင်းကိုကြားလိုက်ရတဲ့ ယဲ့ကျစ်ကျိုးမှာ လက်ထဲက နို့တွေပင် မှောက်ကျလုမတတ် ဖြစ်သွားရသည်။
"သူက ဘယ်ကို သွားမှာတဲ့လဲ?""ဟွမ်ထူကိုပါ" ချင်းရှောင်းက လက်သုတ်ပုဝါ လှမ်းပေးလိုက်ပြီး ခဏလောက် တုံ့ဆိုင်းနေပြီးတော့မှ ထောက်ထားစွာ ပြောလိုက်လေ၏။
"ကျေးဇူးပြုပြီး ဒီလိုမေးခွန်းမျိုးကို သူဌေးရှေ့မှာ မမေးလိုက်ပါနဲ့ဗျာ .. မင်းသာ ကျန်းမိန်းကလေးအပေါ် အာရုံစိုက်တာကိုသိရင် သူ စိတ်ဆိုးလိမ့်မယ်"
သူဌေးသာ စိတ်ဆိုးရင် ဒီလက်အောက်ငယ်သားလေးတွေ အတွက်တော့ ဘယ်လိုမှ ကောင်းမှာမဟုတ်ဘူး....ဒါကို ကြားလိုက်ရတော့ သူက သောက်နေတဲ့နို့အား ကမန်းကတန်း အောက်သို့ချထားလိုက်ပြီး မေးလေ၏။
"သူလည်း ဒီမှာ စာချုပ်ချုပ်ခဲ့တယ်ဆိုတာ ကျွန်တော် မှတ်မိတယ် .. စာချုပ်ဖျက်လိုက်ရင် လျော်ကြေးက ၇ မီလီယံတောင် .. သူ ပေးပြီးပြီပေါ့? နောက်ပြီးတော့ မုထျန်းက သူ့ကိုပေးတဲ့ အခွင့်အရေးတွေကလည်း ဒီလောက်ကောင်းတဲ့ဟာကို ဘိာု့ အေဂျင်စီပြောင်းရတာလဲ?" ဘယ်နှစ်လမှတောင် မကြာသေးဘူး ထွက်တော့မယ်ပေါ့? နောက်ပြီးတော့ သူမရဲ့ အရင်ဘဝတုန်းက ဟွမ်ထူအေဂျင်စီကိုပဲ တန်းပြီးတော့သွားတာ ... ဘာလုပ်မလို့လဲ?"လျော်ကြေးကိုက ဟွမ်ထူဘက်က ပေးမှာပါ ... ဘာလို့ ထွက်တာလဲဆိုတာကတော့..... " ချင်းချောင်းက သူ့ကိုကြည့်ပြီး တစ်ခုခုကို ပြောချင်နေပေမယ့် တုံ့ဆိုင်းနေလေသည်။
သူက ထိုအကြည့်ကြောင့် နားမလည်နိုင် ဖြစ်သွားသည်။
"ခင်ဗျား ဘာလို့ ကျွန်တော့်ကို အဲ့လိုကြီး ကြည့်နေရတာလဲ ... အဲ့တာက ကျွန်တော့်ကြောင့်လား?""အကုန်လုံးတော့ မဟုတ်ပါဘူး" ချင်းရှောင်းက ခေါင်းယမ်းပြလိုက်ပြီး သူ့စကားလုံးတွေကို စိတ်ထဲမှာ သေချာပြန်စီလိုက်ပြီးမှ ရှင်းပြလေ၏။
"သူဌေးက ကျန်းမိန်းကလေးကို သဘောမကျဘူးလေ ... အဲ့တော့ အောက်က ဝန်ထမ်းတွေက ဒီအကြောင်းကြားတော့....."
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》