4.2

5.6K 897 83
                                    

《Zawgyi》

4.2[လျိုချန်းဘဝ]

ဇီရွှီ မြင့်မြတ်သောနယ်မြေဟာ အလွန်ကြီးမား၏။ ယဲ့ကျစ်ကျိုးရဲ့အနီးတွင် ပန်းခင်းကြီးရှိကာ ခပ်ဝေးဝေးတွင်တော့ တောင်စဉ်တောင်တန်းတွေရှိပြီး ပန်း စိုက်ခင်းတွေရဲ့ ဘယ်ဘက်၌မူ ရေစီးသန်သော ချောင်းငယ်လေးတစ်စင်း ရှိ၏။ ညာဘက်မှာတော့ တော်တော်လေးကောင်းမွန်လှသော နှစ်ထပ်ဝါးအိမ်ကလေးပင်။ ခြံဝင်းအား ဝါးတွေဖြင့် အိမ်ရှေ့မှာခြံစည်းရိုးပြုလုပ်ထားကာ အိမ်နောက်မှာတော့ ဝါးတောကြီးရှိလေသည်။

သူက အမည်မသိရသော ပန်းတစ်ပွင့်ကို ငုံ့ကိုင်း၍ ကောက်ယူလိုက်ပြီး လက်ချောင်းတွေအကြား လှည့်ပတ်ပွတ်သပ်မိတော့ လက်တွင် ပန်းဝတ်ရည်လေးတွေဖြင့် စိုစိုစွတ်စွတ်။ အပင်တွေရဲ့ ရနံ့သင်းဖျော့ဖျော့က လေနဲ့အတူလွင့်မျောလာကာ တိတ်တဆိတ်ဖြင့် ဝေ့ဝဲကျီစယ်နေတော့သည်။ သူ့စိတ်ကပဲ ထင်တာလားတော့ မသိပေမယ့် ထိုရနံ့ကြောင့် စိတ်က ကြည်လင်ရှင်းလင်းသွားတာကို ခံစားမိသည်။ ဝါးအိမ်လေးထံ လျှောက်လှမ်းသွားကာ ဝါးခြံစည်းရိုးကို တွန်းဖွင့်လိုက်သည်။ အိမ်တံခါးကိုဖွင့်ပေမယ့် မပွင့်သွားပေ။

[လုံလောက်တဲ့အခွင့်အာဏာ မရှိသေးပါ ... အိမ်ကိုပိတ်ထားတာကြောင့် အခုခဏတော့ ဝင်လို့ရသေးမှာ မဟုတ်ပါဘူး]

"..."
ယဲ့ကျစ်ကျိုးက နှုတ်ခမ်းတွန့်သွားကာ လက်ကိုပြန်ရုတ်လိုက်သည်။ ရုတ်တရက် သူက ပြဿနာတစ်ခုအား သတိရသွား၏။
"မင်းငါ့ကို ဒီထဲခေါ်လာတော့ အပြင်ကလူတွေ သေအောင်လန့်မသွားဘူးလား?"

[မြင့်မြတ်နယ်မြေက ဝိဥာဉ်နဲ့ ချိတ်ဆက်ထားတာကြောင့် စိတ်ကိုသုံးပြီး ဝင်ရောက်လို့ရပါတယ်]

သူက စိတ်ချသွားသည်။ ပန်းခင်းနံဘေးက စမ်းချောင်းငယ်ထံသွားပြီး ရေ၌အရိပ်ထင်နေသည်ကိုကြည့်၏။ ဆံပင်တိုနက်နက်လေးတွေ... အညိုရင့်ရင့်မျက်ဝန်းတွေ.. ဖြောင့်စင်းသည့်နှာတံလေးနဲ့ အပေါ်သို့ ယောင်ယောင်လေး တွန့်ကွေးနေတဲ့ နှုတ်ခမ်းပါးတစ်စုံ......
ရပြီ နဂိုငါအတိုင်း ခန့်ညားချောမောနေတုန်းပဲ!

ဒီရုပ်ရည်ကို ခဏလောက်ကြည့်နေပြီးမှ သူ့မြင်ကွင်းက ကုန်တင်ကားအတွင်းပိုင်းမြင်ကွင်း ပြန်ပြောင်းလဲသွားသည်။ မူမမှန်တာကို ကားထဲကမည်သူမျှ သတိမထားမိကြ။ ယဲ့ကျစ်ကျိုးက ကိုယ်အနေအထားကိုပြင်ကာ system ထံကနေ ဇာတ်ကြောင်း အချက်အလက်တွေအား ဆက်ပြီးယူနေလိုက်ကာ ဖတ်ရှု၏။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now