3.10

6.2K 1.1K 86
                                    

《Zawgyi》

3.10[အန်းချန်လော့ဘဝ]

ပေါက်ကွဲမှုက ချက်ချင်းပင် တပ်သားတွေရဲ့အာရုံစိုက်မှုကို ဆွဲယူသွားကာ လိုင်ပေါ်ဖေးက မြင်းတစ်စီးကိုစီးလျက် ရောက်လာပြီး အမူအယာက လေးနက်နေကာ စိုးရိမ်ပုံပေါက်နေသည်။

ပေါက်ကွဲမှုကနေ ပြန့်ကြဲလာသည့် ကျောက်တုံးအပိုင်းအစတွေ အပျက်အစီးတွေကြောင့် လမ်းတစ်ခုလုံးက ဗရမ်းဗတာဖြစ်နေ၏။ ယဲ့ကျစ်ကျိုးက လမ်းဘေးမှာ ဝပ်နေရင်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားတဲ့ ကလေးငယ်တစ်ဦးရဲ့ဒဏ်ရာကို ပတ်တီးစည်းပေးနေကာ ယန်မင်ယုံးက သူ့နောက်မှာရှိနေပြီး တဲအန်းကို တစ်စုံတစ်ခု ညွှန်ကြားလိုက်သည်။

"အရှင့်သား"

လိုင်ပေါ်ဖေးက မြင်းပေါ်ကနေ ခုန်ဆင်းကာ ထုံးစံအတိုင်း ယန်မင်ယုံးကို အရိုအသေပေးလိုက်သည်။
"အရှင့်သားကို ချက်ချင်း ထွက်ခွာသွားဖို့ တောင်းဆိုချင်ပါတယ် ... မြေငလျင်က တစ်ခုပြီးရင် နောက်တစ်ခု လိုက်လာတတ်တာမလို့ ဒီနေရာက မလုံခြုံပါဘူး"

ယန်မင်ယုံးက ကလေးကိုပတ်တီးစည်းပေးနေတဲ့ ယဲ့ကျစ်ကျိုးထံ လှမ်းကြည့်လိုက်ရင်းက ခေါင်းကိုခါလိုက်သည်။

"မလိုဘူး ... ဒါက ငလျင်မဟုတ်ဘူး ... အရင်ဆုံး ဒဏ်ရာရထားတဲ့လူတွေကို သမားတော်တွေရှိတဲ့ အနားက တည်းခိုဆောင်ကိုပို့ထားလိုက် ... ချွမ်းယွဲ့စားသောက်ဆိုင်နဲ့လမ်းကို ရှင်းလင်းထား .. ဆေးတွေက မကြာခင် ရောက်လာလိမ့်မယ်"

လိုင်ပေါ်ဖေးက နားမလည်နိုင်စွာဖြင့် မျက်မှောင်တွန့်ကုပ်သွား၏။
"ငလျင်မဟုတ်ဘူးလား"

"နောက်မှအသေးစိတ်ပြောမယ် ... အရင်ဆုံး ဒဏ်ရာရထားတဲ့လူတွေကို ရွှေ့ပြောင်းလိုက်"

ယန်မင်ယုံးက ယဲ့ကျစ်ကျိုးထံသို့ သူ့ဘီးတပ်ကုလားထိုင်ကို ရွှေ့သွားကာ ကိုယ်ကိုကိုင်းညွှတ်၍ ခေါင်းလေးကိုပုတ်လိုက်သည်။
"လော့အာ ... မကြာခင် သမားတော်တွေလာလိမ့်မယ် ... ကိုယ် ကလေးတွေကို တည်းခိုခန်းထဲ ရွှေ့ခိုင်းထားတယ် ... မင်း နည်းနည်း အနားယူဦး"

ပိတ်ကျဲစကို ချည်နှောင်ပြီးတော့ ယဲ့ကျစ်ကျိုးက ယန်မင်ယုံးနဲ့ လိုင်ပေါ်ဖေးတို့ဘက်သို့ လှည့်ကြည့်ကာ မတ်တပ်ရပ်လိုက်ပြီး ချွေးကိုသုတ်လိုက်ကာ ခေါင်းညိတ်၏။
"ကောင်းပြီလေ ... ငါတို့တည်းခိုဆောင်ကို သွားကြမယ်"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now