《Zawgyi》
ARC 2 [သခင်ကြီးရယ် ဒီအသားတုံး တေးတေးယေးကို လွှတ်ပေးပါဗျာ]
______________________2.1[ယောင်းချန်ဘဝ]
သူ မျက်လုံး ဖွင့်ဖွင့်ချင်း ခံစားလိုက်ရတာကတော့ အတော့်ကို ဆိုးဝါးတဲ့ အနံ့ဆိုးကြီးပင်။ ဆိုးတာမှ တော်တော့ကို ဆိုးတာဟ။ ယဲ့ကျစ်ကျိုးမှာ သူ့နှာခေါင်းကို ပိတ်လျက် ပတ်ဝန်းကျင်ကို သေချာ လေ့လာကြည့်လိုက်သည်။
အဖြူရောင် ရေချိုးကန် ပါရှိသည့် သန့်ရှင်းတဲ့ ရေချိုးခန်းတစ်ခုဖြစ်ကာ အညိုရောင် ကြမ်းခင်းနှင့် အိမ်သာနံဘေးက ဘေဇင်ထက်တွင်တော့ အသားရေထိန်းသိမ်းတဲ့ ပစ္စည်းတွေက ရှုပ်ပွပြန့်ကျဲနေလေ၏။
ဒီ သပ်ရပ်ရှင်းလင်းတဲ့ သန့်စင်ခန်းထဲမှာ သူက ဝမ်းလျှောနေတယ် ...... လောလောလတ်လတ်တင် သူ့ချစ်သူကို ဆုံးရှုံးထားရလို့ ဝမ်းနည်းနေရတဲ့ ယဲ့ကျစ်ကျိုးမှာ အခန်းထဲတွင် ပျံ့လွင့်နေတဲ့ အနံ့ဆိုးကြီးကြောင့် ဆက်ပြီးတောင် ဝမ်းမနည်းနေနိုင်ရှာတော့ပေ။ သူ့ကိုယ်သူ သန့်ရှင်းကာ အဝတ်အစားတွေ ဝတ်ပြီးသွားတော့ ထပြီး မှန်ရှေ့မှာ ရပ်လိုက်၏။ သူ့မှာ သူ့ရုပ်ရည်အသစ်ကိုကြည့်ပြီး အံ့ဩလွန်း၍ စကားပင် မဆိုနိုင်ရှာတော့။
"ထုံးထျန်း .. ဒီဝက်ခြံတွေအပြည့်နဲ့ မျက်နှာက ငါလား? အရင်တစ်ခေါက်က ဖက်တီးလေး .. အခုတစ်ခေါက်ကျ အဖုအပိမ့်တွေအပြည့်နဲ့ ကောင်လေး ... မင်း ငါ့ကို ဘာမကျေနပ်တာတွေ ရှိခဲ့လို့လဲကွာ?"
လက်ဆေးတဲ့နေရာထက်က မှန်အသေးလေးက လှုပ်ခါလာပြီးလျှင် ဝက်ခြံတွေနှင့် လူငယ်လေးရဲ့ အမြင်အာရုံမှာ ဝေဝါးလာလျက် စာကြောင်းတွေ အရှည်ကြီး ပေါ်လာတော့သည်။
သူက ဗလာကျင်းနေသည့် မျက်ဝန်းတို့ဖြင့် ပန်းရောင် ယုန်ပုံစံ အိပ်ဆောင်မှန် အသေးစားလေးကို ငုံ့ကြည့်လိုက်ပြီးနောက် နံရံက မှန်ပေါ်ရှိ စာအရှည်ကြီးအား ပြန်မော့ကြည့်လိုက်သည်။ သူ့စိတ်ကတော့ သိပ်မကြည်တော့ပေ။
"ထုံးထျန်း .. မင်း ပန်းရောင်ကို ဘယ်လောက်တောင်မှ သဘောကျတာလဲ?"system ကတော့ သူ့ကို လျစ်လျူရှုလျက် အချက်အလက်တွေကိုသာ ဝီရိယရှိစွာ ပေးပို့နေလေ၏။ သူလည်း သက်ပြင်းချလျက် ဒီကမ္ဘာရဲ့ အဓိကဇာတ်ဆောင်၏ အချစ်ဇာတ်လမ်းကိုသာ စတင်ဖတ်ရှုလိုက်တော့သည်။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》