《Zawgyi》
6.2[က်စ္ယြမ္ဘဝ]
အဲ့ ဝူဟွင်းဆိုတာကြီးကို ဘယ်သူက သိမှာတုန်းကွ!
ယဲ့ကျစ်ကျိုးဟာ ရှေ့ကလူကိုလည်း သတိထားရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တဲ့အခါ သူ့နောက်မှာ ချောက်ကမ်းပါးကြီး ရှိနေတာသိလိုက်ရပြီး စိတ်ပျက်လက်ပျက်သွားသည်။ ရှေ့မှာက လူသတ်တော့မယ့် အဓိကဇာတ်ဆောင်၊ နောက်မှာက ဘယ်နှစ်ပေနက်မှန်းမသိတဲ့ ချောက်ကမ်းပါးကြီးနဲ့ ဒီကြားထဲ ဒဏ်ရာရပြီး မေ့မျောနေတဲ့လူကို သယ်ထားရသေးသည်။ သူ ဘယ်လိုများ လွတ်နိုင်ပါတော့မည်နည်း။
သူ့ဝတ်ရုံခါးပတ်မှာ ချိတ်ထားသည့် အိတ်ငယ်လေးထဲမှ မှန်လေးက ရုတ်တရက် တုန်ခါလာကာ ဖန်သားပြင် ပေါ်လာလေသည်။
[မစ်ရှင်ပြီးမြောက်လို့ ရရှိခဲ့တဲ့ ဆုလာဘ် 'ပျံသန်းအဆောင်'ကို အသုံးပြုလိုပါသလား]ဖန်သားပြင်ပေါ်လာချိန်၌ အဓိကဇာတ်ဆောင်
ထံမှ ကြောက်မက်ဖွယ်စွမ်းအားတွေ ထွက်ပေါ်လာကာ တစ်ဖက်လူရဲ့ဦးနှောက်ကို တိုက်ခိုက်နေသည့် ယဲ့ကျစ်ကျိုးရဲ့ဝိဥာဉ်စွမ်းအားကို ပြန်ထိုးနှက်ကာ ဖိနှိပ်ခံလိုက်ရသည်။ ဝိဥာဉ်စွမ်းအားကို ပြန်ကုစားနေရသဖြင့် ထိုပျံသန်းအဆောင်အကြောင်း မေးချိန်မရှိလိုက်ပေ။ 'အသုံးပြုမည်'ဆိုတာကို ရွေးချယ်လိုက်ပြီး အံတင်းတင်းကြိတ်လျက် မိန်းကလေးနှင့်အတူ ချောက်ကမ်းပါးထဲ ခုန်ဆင်းလိုက်လေ၏။လခွမ်းတဲ့မှ! ပျံသန်းအဆောင်ဆိုမှတော့ ငါ့ကိုပျံအောင် လုပ်ပေးနိုင်မှာပါ။
အဓိကဇာတ်ဆောင်ရဲ့တိုက်ခိုက်မှုက လေကိုသာ ထိသွားသည်။ သိုင်းကွက်တွေထုတ်သုံးပြီးမှပဲ ဟိုမျိုးမစစ်လေး တကယ်ကြီး ချောက်ကမ်းပါးထဲ ခုန်ချသွားတာ မြင်လိုက်သည်။ သူက အံ့သြသွားကာ ဓါးမှာပေနေသည့်သွေးတွေကိုခါလိုက်ပြီး သူ့လက်သူ စိတ်ကျေနပ်စွာ ကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်ကိုမော့ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဒီတစ်ကြိမ်မှာ သူ ငရဲကနေ ပြန်လာခဲ့လေပြီ။ အတိတ်မှာ သူ့ကိုစော်ကားခဲ့သမျှလူတွေကိုသတ်ပြီး သိုင်းလောကမှာ အထွတ်အထိပ်ကို ရောက်စေရမည်။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》