5.3

2.3K 440 43
                                    

《Zawgyi》

5.3[ချင်းပေါင်ဘဝ]

ဝေ့ကျောင်း၏ရုံးခန်းမှ ပြန်လာတော့ ယဲ့ကျစ်ကျိုးက အစ်ကိုကြီးစစ်ယွဲ့ထံသို့ မသိမသာ အားကိုးကြောင်းပါဝင်နေတဲ့ မက်ဆေ့ကိုပို့လိုက်တဲ့အခါ ထင်မှတ်မထားပဲ အမြဲအေးစက်စက်ဖြစ်နေတတ်တဲ့ အစ်ကိုကြီးထံကနေ မက်ဆေ့ပြန်ရလေသည်။

"လျှောက်တွေးမနေနဲ့ဦး ... အလုပ်ကိစ္စပြီးလို့ အိမ်ပြန်ရောက်ရင် မွေးနေ့လက်ဆောင်ပေးမယ်"

လျှောက်တွေးမနေနဲ့??

ယဲ့ကျစ်ကျိုးက မက်ဆေ့ကိုဖျက်လိုက်ကာ မေးစေ့ကိုပွတ်ရင်း စဉ်းစားနေသည်။ သူ အတိတ်အကြောင်း တိတ်တိတ်လေး စုံစမ်းနေတယ်ဆိုတာ ဝေ့ကျောင်းက စစ်ယွဲ့ကို ပြောပြလိုက်တာလား...
အမြဲအေးစက်စက်နေပြီး စကားများများမပြောတဲ့ အစ်ကိုကြီးက မက်ဆေ့ခ်ျပြန်ပို့လာတာဆိုတော့...
ဒါပေမယ့် ဝေ့ကျောင်းကို ဒီအကြောင်း သွားမေးလို့လည်း မရပြန်ပေ။

ဘာမှလုပ်မရ၍ သူလည်း စဉ်းစားမနေတော့ဘဲ ဓာတ်ပုံအယ်ဘမ်ဟောင်းကိုသာ တစ်ရွက်ပြီးတစ်ရွက် လှန်ကြည့်နေလိုက်သည်။ သူ့လက်ချောင်းတွေက အမှတ်တမဲ့ စစ်ယိုချန်ရဲ့ ငယ်ရွယ်နူးညံ့တဲ့မျက်နှာနဲ့ စစ်ယိုချန်ရဲ့ဖခင်ဖြစ်သူ စစ်ကျီမင်ရဲ့ ခပ်တည်တည်မျက်နှာပေါ် ရောက်သွားသည်။ သားအဖနှစ်ယောက်က တော်တော်လေးတူကာ မေးရိုးကားကားနဲ့ ခန့်ညားချောမောကြသည်။ စစ်ယွဲ့ကကျ ကျောက်မင်လိုပဲ နူးညံ့တဲ့မျက်နှာထားရှိကာ စစ်ယိုချန်နဲ့ ဆယ်ချက်မှာ ခုနှစ်ချက်ရှစ်ချက်လောက်က တူသည်။ စစ်ဟန်ကသာ ထိုမိသားစုရုပ်ရည်နဲ့ လုံးဝကွဲထွက်နေကာ မျက်နှာထားက နူးညံ့ပျော့ပြောင်းပြီး ရယ်လိုက်ရင် နှစ်လိုဖွယ်အဆင်းရှိ၏။ ဘယ်သူနဲ့ တူနေမှန်းတော့ မသိပေ။

ဓာတ်ပုံထဲက ကျောက်မင်ရဲ့ ငယ်ရွယ်ပြီးလှပတဲ့ပုံစံကိုကြည့်ရင်း ယဲ့ကျစ်ကျိုးက ထုံးထျန်းရဲ့ မှန်လုပ်ဆောင်ချက်ကိုရွေးကာ သူ့ရုပ်သူ ပြန်ကြည့်လိုက်သည်။ မျက်ခုံးတန်းက ထက်မြနေကာ နှုတ်ခမ်းတို့က သဘာဝအတိုင်း အပေါ်သို့တွန့်ကွေးနေ၏။ နှာတံစင်းစင်းနှင့် အသားအရေကလည်း တော်တော်လေးလှသည်။ နဂိုချင်းပေါင်ရဲ့မျက်ဝန်းတွေက မိခင်ဖြစ်တဲ့ကျောက်ခယ်နဲ့ ဆင်တူသည်ထင်ရပေမယ့် ဖခင်ဖြစ်တဲ့ ချင်းရှို့ယဲ့နဲ့ ပိုတူကာ စစ်ဟန်အစစ်လိုမျိုး လုံးလုံးလျားလျား နူးညံ့နေတာမျိုးမဟုတ်ပေ။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now