2.5

8.9K 1.4K 96
                                    

《Zawgyi》

2.5[ယောင်းချန်ဘဝ]

မုထျန်းဟာ စုစုပေါင်း ၃၅ထပ်ရှိသည့် အဆောက်အအုံကြီးတစ်ခု ဖြစ်ကာ အုပ်ချုပ်သည့် အကြီးအကဲက လွန်စွာမှ ရဲရင့်ပြတ်သားသူဖြစ်လျက်  အပေါ်ဆုံး ၂ထပ်တွင် နေတာ ဖြစ်သည်။ system က ပြောတဲ့ အချက်အလက်တွေအရ သူက တစ်ကယ်တော့ ၃၄ ထပ်မြောက်မှာနေတာ ဖြစ်ပြီး ၃၅ ထပ်ကတော့ အလွတ်ကြီး ဖြစ်သည်။ ထိုအထပ်ကိုသွားရန်မှာ သီးသန့်ဓာတ်လှေကားကို သုံးဖို့အတွက် အထူးအခွင့်ရသည့် သော့ ရှိရမည်ဖြစ်ကာ အဓိကရှယ်ယာရှင်တွေနဲ့ ငွေကြေးမြှုပ်နှံသည့် အရင်းအမြစ်ကြီး ဖြစ်သူ အိုးရန်ကျီတို့အတွက်သာ သီးသန့် ထားရှိသည့် သော့ ဖြစ်၏။ အထူး အခွင့်အာဏာ မရှိပဲနှင့်တော့ လွယ်လွယ်ကူကူနှင့် ထိုအထပ်တွေသို့ သွားရောက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း ကျောက်ဖျိန့်ဟာ ဆိုရင်ဖြင့် အခုဆိုလျှင် ၃၄ ထပ်သို့ တက်ရောက်ခွင့် သော့အား ယူဆောင်လာလျက် ၃၅ထပ်သို့ တက်ရန်အတွက်တော့ ပေါ့ပေါ့ပါးပါးပင် ကဒ်လေးတစ်ကဒ်ကို ထုတ်ကာ အတော်လေး တန်ဖိုးကြီးမားလှသည့် မဟော်ဂနီတံခါးကြီးအား ဖွင့်လိုက်တော့သည်။

ထိုထဲသို့ ဝင်သွားပြီးနောက် သူမက ယဲ့ကျစ်ကျိုးအား ထိုကဒ်ကို ပေးလာခဲ့ကာ စောနကထက်ပင် ပေါ့ပေါ့ပါးပါး ပြောလေ၏။
"ဒါကို ယူထားလိုက်ပါ .. ဒါက အထူးဖြတ်သန်းခွင့်ကဒ် .. ဒီဟာနဲ့ဆိုရင် ကုမ္ပဏီမှာရှိတဲ့ ဘယ်နေရာကိုမဆို ဝင်လို့ရပါတယ်  ၁၇ ထပ်နဲ့ ၁၈ ထပ်မှာရှိတဲ့ လုံခြုံရေးဌာနတွေပါ အပါအဝင်ပေါ့ ... ကျေးဇူးပြုပြီး သေချာထိန်းသိမ်းထားပေးပါ" အနှီအမျိုးသမီးဟာ အဆိုပါ မဟာပထဝီမြေကြီးကိုတောင် တုန်ဟီးသွားစေမည့် စကားလုံးတွေအား ပြောကြားအပြီးနောက် တောင်ဘက်ရှိ ကျယ်ဝန်းပြီး ခမ်းနားထည်ဝါလှသည့် ခန်းမကျယ်ကြီးဘက်သို့ ခြေလှမ်းအကျဲကြီးတွေဖြင့် လျှောက်သွားလေ၏။

"ဒါက ပထမ ကော်ရစ်တာပါ ဒီကော်ရစ်တာရဲ့အဆုံးမှာ အခန်းသုံးခန်းနဲ့ ခန်းမတစ်ခု ပါဝင်တဲ့ မင်းရဲ့ နားနေခန်း ရှိပါတယ် .. နားနေခန်းရဲ့ ဘေးကတော့ စန္ဒရားတီးလို့ရတဲ့ အခန်းရယ် လွတ်လွတ်လပ်လပ် ချက်ပြုတ်လို့ရတဲ့ မီးဖိုချောင် အသေးစားလေး ရှိတဲ့ အခန်းတွေရယ်ပါ .. ရေခဲသေတ္တာထဲက အစားအစာတွေနဲ့ သောက်စရာတွေကို နေ့တိုင်း ပြန်ဖြည့်ပေးပါတယ် ... အခန်းထဲက ဖုန်းကလည်း ငါးလွှာက မီးဖိုချောင်နဲ့ တိုက်ရိုက်ချိတ်ထားတာမလို့ အဲဒီက အစားအစာတွေကို လှမ်းမှာလို့ ရပါတယ် ... ကုမ္ပဏီက ကုန်ကျစရိတ်တွေ အားလုံးကို တာဝန်ယူပေးမှာပါ"
သူကတော့ ထိုကတ်အား ကြောင်အပြီး နားလည်နိုင်စွာဖြင့် လှမ်းယူလိုက်ရတော့သည်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now