2.3

9K 1.4K 44
                                    

《Zawgyi》

2.3[ယောင်းချန်ဘဝ]

စာနယ်ဇင်း မိတ်ဆက်ပွဲလည်းပြီးရော ယဲ့ကျစ်ကျိုးလည်း အားလပ်သွားလေ၏။

ရက်အနည်းငယ် အကြာမှာတော့ သူ သရုပ်ဆောင်ခကို ရရှိပြီး အခန်းပိုင်ရှင်ကို ခေါ်လိုက်ကာ ငှားရမ်းထားတဲ့ တစ်ယောက်ခန်းလေးအား ပြန်အပ်လိုက်ပြီး မဆိုင်းမတွပင် လက်မှတ်ဖြတ်လျက် ခရီးဆောင်အိတ်ကို ထုပ်ပိုးကာ လေဆိပ်သို့ ထွက်သွားတော့သည်။ ဇာတ်လမ်းတွဲက တည်းဖြတ်နေကာ ဇာတ်လိုက်မကလည်း သူမရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ကြိုးစားရုန်းကန်နေရချိန်ကို အခွင့်ကောင်းယူပြီး ကြိုးစားရမှာဖြစ်သည်။ ပိုက်ဆံများများရှိဖို့ အရင်ဆုံး ပိုက်ဆံများများ ရှာရမှာပေါ့! လီဟော်ပေးတဲ့ သရုပ်ဆောင်ခကလည်း ကုန်တော့မည်။

အနုပညာလောကထဲမှာ ဒီလောက်ငွေလေးနဲ့ ရပ်တည်ချင်တာလား? အိပ်မက်သာ မက်နေလိုက်တော့!

အရင်ဆုံး သူက Sမြို့ရဲ့ ရှယ်ယာတွေ ရောင်းတဲ့နေရာသို့သွားကာ system က ပေးခဲ့တဲ့ အချက်အလက်တွေနဲ့ စွန့်စားပြီး သူ့ပိုက်ဆံတွေကို နှစ်ဆတိုးသွားအောင် လုပ်ရသည်။ အဲဒီနောက်မှာတော့ Yမြို့မှာရှိသည့် လောင်းကစားရုံသို့ သွားကာ သူ့စိတ်စွမ်းအားရယ် systemရဲ့  အာရုံခံနိုင်တဲ့ လုပ်ဆောင်ချက်ရယ်ကို သုံးလျက် ပေါ့ပေါ့ပါးပါးပင် ငွေကြေးတွေ အများကြီးကို ရရှိခဲ့လေ၏။ တစ်လအကြာမှာတော့  စိတ်ကျေနပ်စွာဖြင့် B မြို့ကို ပြန်လာပြီး ချက်ချင်းပဲ မြို့မှာရှိတဲ့ တိတ်ဆိတ်ပြီး အကောင်းဆုံး စံအိမ်တော်ငယ်တစ်ခုကို ဝယ်ယူလိုက်သည်။ ပရိဘောဂအချို့ကို ဝယ်ယူအပြီးမှာတော့ ထိုအိမ်မှာ ရွှေ့ပြောင်းနေလိုက်တော့သည်။

*************

ပင်ပန်းနွမ်းနယ်ခဲ့သမျှတွေကို ပြေပျောက်သွားစေဖို့အတွက် ရေချိုးကန်ထဲမှာ သက်တောင့်သက်သာ စိမ်ပြီးသွားတော့ သူက အိပ်ရာပေါ်တက်ကာ ဖုန်းကို လှမ်းယူလိုက်သည်။ ပြက္ခဒိန်ကို ကြည့်လိုက်ပြီး လက်ရှိ မစ်ရှင်ပြီးမြောက်မှု အခြေအနေအား စဉ်းစားကြည့်၏။

သူက မှန်အသေးစားလေးအား တို့လိုက်လေသည်။ "ငါ မစ်ရှင်တစ်ခုပြီးရင် ဆုရမယ်လို့ မင်း ပြောတယ်လေ .. ဘယ်မှာလဲ အဲ့တာက?"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now