《Zawgyi》
1.13[တုယန့်ဘဝ]
ရက်အနည်းငယ် အကြာမှာတော့ ယဲ့ကျစ်ကျိုးလည်း ဆေးရုံက ဆင်းရပြီ ဖြစ်သည်။ ရက်အတန်ကြာ ပျောက်နေခဲ့သည့် ယွင်ခယ်က နောက်ဆုံးမှာတော့ ပေါ်လာချေ၏။
"ရှောင်ယန့်" သူက ထိုသို ခေါ်လိုက်ရင်းမှ ရှေ့သို့တိုးကာ ကောင်ငယ်လေးအား သူ့လက်မောင်းတွေ အတွင်းသို့ ဆွဲသွင်းလိုက်ရင်း ကလေးငယ်၏ ကိုယ်သင်းနံ့လေးကို ရှူရှိုက်ကာ နားရွက်ရဲ့ အောက်အနားလေးကို နမ်းရှိုက်၏။ "ကိုယ်တော့ မင်းကိုနောက်ထပ် ခွဲမသွားနိုင်တော့ဘူး ထင်တယ်"
ကံမကောင်းစွာနဲ့ပဲ ယဲ့ကျစ်ကျိုးရဲ့ အထိမခံနိုင်တဲ့ နေရာမှာ အတိအကျကို ထို နားရွက်ရဲ့အောက်အဖျားနားလေးပင်။ သူ့မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းလို့လာလျက် တစ်ဖက်လူအား မကျေမနပ်ဖြင့် တွန်းလိုက်ကာ သူ့ကိုယ်သူလည်း တိတ်တဆိတ် မုန်းလိုက်မိသည်။
"စကားကို ကောင်းကောင်းပြောလေ .. ကျွန်တော့်ကို လာလာမဖက်နဲ့!"ယွင်ခယ်က သူဖက်ထားတာကို ဖြေလျော့ပေးလိုက်ပြီး ပြုံးလိုက်ရင်း ကောင်ငယ်လေးရဲ့ ဆံပင်တွေကို ထိလိုက်သည်။ "တော်တော် လန်းဆန်းလာပြီပဲ .. ကြည့်ရတာ ဒီရက်တွေမှာ ကောင်းကောင်း အနားယူထားတယ်နဲ့ တူတယ်"
သူ့ခေါင်းကို တစ်ဖက်လူရဲ့ လက်တွင်းမှ ဒေါသတကြီး ရှောင်ဖယ်လိုက်ရင်း အဝတ်တွေ ထုတ်ပိုးနေလိုက်သည်။ ယွင်ခယ်တစ်ယောက် သူ့အပေါ် ခံစားချက်တွေ ဝန်ခံဖွင့်ပြောလိုက်ပြီးထဲက အသနားခံမှုတွေက တစ်နေ့ထက်တစ်နေ့ တိုးလာတာ ဖြစ်သည်။ နဂိုအေးစက်စက် ပုံစံဟာဆိုရင်ဖြင့် လုံးလုံးလျားလျားကို ပျောက်ကွယ်သွားကာ သူ့အတွက်တော့ လူချင်း မတွေ့ရသေးခင်အထိ အဆင်ပြေနေသေးသည်။ မက်ဆေ့တွေ ပို့လာလျှင် မမြင်ချင်ယောင် ဆောင်လိုက်သည်။ ဖုန်းခေါ်လာလျှင်လည်း မကိုင်လို့ ရနိုင်သေးသည်။ ဒါပေမယ့် အခုလို မျက်နှာချင်းဆိုင်ကြီး တွေ့တော့ ...... ဒီလို ယွင်ခယ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ထားတဲ့ မျက်နှာမျိုးနဲ့ဆိုရင်လေ .... သေနိုင်လောက်တယ် ... ဆက်မတောင့်ခံနိုင်တော့ဘူး ထင်တယ်!
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》