《Zawgyi》
1.9[တုယန့်ဘဝ]
"သားကို မထားခဲ့ပါနဲ့ ... ဟင့်အင်း .. အဲ့ကားပေါ် မတက်နဲ့ ... မမ _____"
ယဲ့ကျစ်ကျိုးက အော်ဟစ်လျက် ရက်စက်လှသော မှတ်ဥာဏ်တွေထဲမှ လန့်နိုးလာလေတော့သည်။ မျက်ရည်တွေက ထိန်းမနိုင်အောင် တသောသော ကျဆင်းလာကာ ခန္ဓာကိုယ်မှာလည်း ချွေးစေးတို့ဖြင့် စိုနစ်နေ၏။ နဂိုတုယန့်ဟာ ဒီလိုရက်စက်ကြမ်းတမ်းလှတဲ့ မှတ်ဥာဏ်တွေကို တစ်ယောက်ထဲ ကြိတ်မှတ်ခံစားခဲ့ရရှာတာ ......
သူဟာ ရှေ့က ယွင်ခယ့်ရဲ့ စိုးရိမ်တကြီး မျက်ဝန်းတွေကိုပင် မမြင်နိုင်တော့ပေ။ သူ တွေးနေမိတာ တစ်ခုထဲကတော့ အသက်ရှင်ရတာ အရမ်းကို နာကျင်တယ် ဆိုတာပင်။သူ့အတွက်တော့ ကလေးဘဝကနေ အခုထိ မိဘတွေရဲ့ ဂရုတစိုက် ချစ်ခင်ပေးမှုကို ရရှိတာ ဒါပထမဆုံးဖြစ်ပြီး ကလေးဘဝဟာ ဘယ်လို ပျော်စရာကောင်းတယ်ဆိုတာ သိခဲ့ရသည်။ ဒါပေမယ့် တစ်ချိန်ထဲမှာပဲ ကိုယ်ချစ်ရတဲ့သူတွေ သေဆုံးသွားကြတာကို တပ်အပ်မြင်ခဲ့ရတာက ဘယ်လောက်တောင် ရင်နင့်ဖွယ်ကောင်းလဲဆိုတာကိုပါ သိခဲ့ရသည်။ ....... အရမ်း နာကျင်ရတာပဲ .. အသက် ဆက်ပြီးမရှင်ချင်တော့တဲ့ အထိကို နာကျင်ရတယ်
ယွင်ခယ်ဟာ လူငယ်လေးရဲ့ ဝမ်းနည်းပူဆွေးနေပြီး အသက်မပါတဲ့ မျက်ဝန်းတွေကို တွေ့လိုက်ရတော့ သူ့နှလုံးသားကို ဖျစ်ညှစ်လိုက်သလိုပင်။ သူက ကောင်ငယ်လေးရဲ့ခေါင်းကို သူ့ဘက်သို့ ဆွဲယူလိုက်တော့ မျက်ရည်တွေအပြည့် စိုလူးနေသော မျက်နှာလေးကို တွေ့လိုက်ရသည်။ ယွင်ခယ်က ဆယ်ကျော်သက်အရွယ် ကလေးငယ်၏ နားရွက်ဖျားလေးအား ဖွဖွလေး နမ်းလျက် နှစ်သိမ့်ပေး၏။ "မကြောက်ပါနဲ့ ... ဒါက အိပ်မက်တစ်ခုပါ .. အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီလေ နော် ... ကိုယ်က မင်းနဲ့အတူ နေပေးမှာပါ"
သူက ဖြည်းဖြည်းချင်း စိတ်နဲ့လူနဲ့ ပြန်ကပ်သွားပြီး လက်ကိုဆန့်လျက် ယွင်ခယ့်အား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ ယွင်ခယ် .. မင်းမသိခဲ့လို့ပါ .. မင်းက ဒီကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ တုယန့် နောက်ဆုံးချစ်ခဲ့တဲ့သူ .. မင်းကပါ ဘာလို့ သူ့အပေါ် အမှားလုပ်ခဲ့ရတာလဲ? .. ဘာလို့ ....
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》