3.12

5.9K 1K 54
                                    

《Zawgyi》

3.12[အန်းချန်လော့ဘဝ]

ယန်မင်ယုံးက နေရောင်ခြည်ထဲတွင်ရပ်နေကာ ဆံပင်တွေက ပုခုံးပေါ်၌ လျော့တိလျော့ရဲ ကျဆင်းနေလျက် အနက်ရောင်ဝတ်ရုံကတော့ မြေပြင်ပေါ်ထိ လျှောကျသွားပြီဖြစ်ကာ နှင်းကဲ့သို့ဖြူဆွတ်နေသော အတွင်းဝတ်ရုံ ပေါ်လာ၏။ သူ့ရဲ့လှပမှုဟာဆိုရင် လူအပေါင်းအား မေ့မူးစေတော့မတတ်ပင်။

ယဲ့ကျစ်ကျိုးက မျက်လုံးအပြူးသားလေးဖြင့် ကြည့်နေမိသည်။ သူက သက်တောင့်သက်သာ မဖြစ်စွာဖြင့် နေရာရွေ့လျက် မျက်နှာနီရဲနေတော့သည်။ နောက်ဆုံးမှ အောင်အောင်မြင်မြင်နဲ့ အကြည့်လွှဲနိုင်တော့သည်။ အတင့်ရဲလိုက်တာ! တကယ်ကြီး ပျားရည်ထောင်ချောက်လေးကို သုံးနေတော့တာပဲ ... မဖြစ်ဘူး သူ လျှော့ပေးလို့မဖြစ်ဘူး! ဒီကောင်စုတ်လေးက ငါ့ကို ညလယ်ကြီးမှာထားသွားပြီး ဘယ်သူမှန်းမသိတဲ့လူတွေနဲ့ သွားတွေ့နေတာ နောက်တော့ ငါ့ကို ဖြေရှင်းချက်လေးတောင်မပေးဘူး ... ခွင့်မလွှတ်စရာပဲ!

ယဲ့ကျစ်ကျိုးရဲ့မျက်လုံးတွေ လှုပ်ရှားသွားပြီး သူ့ကိုမကြည့်တော့တာကို ယန်မင်ယုံးကမြင်သဖြင့် ဝတ်ရုံအနားသားက လက်တွေက တင်းကျပ်သွားကာ မျက်နှာပျက်သွားပြီးလျှင် ဝတ်ရုံကို တန်းချွတ်ချလိုက်ကာ ခေါင်းမာစွာဖြင့် ရှေ့ဆက်တိုးပြီး ယဲ့ကျစ်ကျိုးကို သူနဲ့မျက်နှာချင်းဆိုင်စေလျက် အတင်းအကျပ် နမ်းရှိုက်တော့လေသည်။

!!!

"ယန်မင်ယုံး .... ငါ့ကိုလွှတ်ပေး"
ယဲ့ကျစ်ကျိုးက ရုန်းကန်လေသည်။ သူ့ချစ်သူရဲ့ ပါးစပ်တွေနဲ့ လက်တွေကိုလည်း မထိနိုင်ပေ။ တိရစ္ဆာန်ကောင်တွေလို မပြုမူချင်။ သူက ဥပဒေကိုကောင်းကောင်းလိုက်နာတဲ့ နိုင်ငံသားတစ်ယောက် ဖြစ်သည်။

သူ ရုန်းကန်နေတာတွေ့လေလေ ယန်မင်ယုံးရဲ့ အကြောင်းပြချက်က မိုးထိတက်လေလေဖြစ်သည်။ ခန္ဓာကိုယ်က ယဲ့ကျစ်ကျိုးအား တင်းကျပ်စွာ ဖက်တွယ်ထားကာ အောက်တွင် ခိုင်မြဲစွာဖိထားလျက် အကြားအလပ်မရှိအောင် နမ်းရှိုက်နေလေတော့သည်။

"ယန် ... အမ်း ....ယန်မင်ယုံး!"

"လော့အာ မင်းက ကိုယ့်အပိုင်ပဲ ... ကိုယ့်အပိုင်"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now