ARC 3

11.1K 1.4K 81
                                    

《Zawgyi》

ARC 3 [အေးစက်စက်မင်းသားနဲ့ ဂရုစိုက်ပေးတတ်သူ ချစ်ဇနီး]

3.1[အန်းချန်လော့ဘဝ]

သူနိုးလာလာချင်း ပထမဆုံး တွေ့လိုက်ရတာကတော့ ပန်းပွင့်ပုံ ငှက်ပုံတွေနဲ့ အလှဆင်ထားတဲ့ တော်တော်လေးကောင်းမွန်သည့် လိုက်ကာစတစ်စ ဖြစ်နေ၏။ လှုပ်ကြည့်လိုက်တော့ ရေနွေးစိမ်သည့် သစ်သားစည် တစ်ခုထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ သစ်သားစည်ဘေးက စင်တွင်တော့ ပိုးသားဝတ်ရုံ အတော်များများကို တွဲလောင်းချိတ်ထားလေသည်။

ဒါက ရှေးခေတ်ကမ္ဘာလား? ပုခုံးပေါ်တွင် ဖေးတင်နေသော ထူးထူးဆန်းဆန်း ရှည်လျားနေသည့် ဆံပင်ရှည်တို့အား လက်ဖြင့် ထိကိုင်ကြည့်လိုက်သည်။

စင်ပေါ်က လက်ကိုင်မှန်ရိုးရိုးတစ်ချပ်က လှုပ်ရှားလာလျက် ဖန်သားပြင် ပေါ်လာလေသည်။ ရှေးခေတ်အခန်းငယ်နှင့် အနည်းငယ် လိုက်ဖက်မနေသည့် စာကြောင်းရှည်တွေ ပေါ်လာပါ၏။

သူက မှန်လေးကိုယူကာ လက်ဖြင့် ပုတ်လိုက်သည်။
"စကားမစပ် မင်းက အရင်ကမ္ဘာနှစ်ခုတုန်းကထက်ပိုပြီး ကြည့်ရအဆင်ပြေလာတယ် ... ငါ့လက်ကောက်ဝတ်က သိုလှောင်ရေးနေရာတက်တူးနဲ့ ဆင်တူတယ်"

မှန်လေးက ခါယမ်းလာကာ အလင်းတန်းတွေ ထွက်ပေါ်လာလေရင်း သူ့အား စာတွေကို မြန်မြန်ဖတ်ဖို့ တိုက်တွန်းလေ၏။

"အေးပါဟ ... စိတ်မရှည်တတ်လိုက်တာ"
သူက မှန်ကိုချကာ မျက်နှာကရေတွေကို သုတ်လိုက်ပြီးနောက် စာသားတွေကို ကြည့်ရှုလိုက်လေတော့၏။

ဒီကမ္ဘာရဲ့အဓိကဇာတ်ဆောင်က မြို့စားမင်းအန်းဝမ်ဟွား၏ ကိုယ်လုပ်တော်မှမွေးသည့် တရားမဝင်သား အန်းချန်ကျယ် ဖြစ်လေ၏။

အဓိကဇာတ်ဆောင်ဟာ သူ့မိခင်ရဲ့ စွန့်ပစ်ခံရပြီးနောက် ကျောင်းဇီမြို့မှာ နေထိုင်ရသည့် သူ့ရဲ့ဘဝက အရမ်းကိုခက်ခဲခဲ့သည်။ အသက် ၁၈ နှစ်မှာ ကံဆိုးစွာနှင့် ရေနစ်သေဆုံးခဲ့ကာ သူ့ခန္ဓာကိုယ်၌ ရှေးခေတ်က ဝိဥာဉ်က ဝင်ရောက်လာသည်။

"...ဒီလိုဇာတ်ကွက်က ရိုးနေပြီ..."

ပြန်မွေးဖွားလာတဲ့ အန်းချန်ကျယ်ဟာ ထူးချွန်ပြီး အရည်အချင်းရှိကာ အရင်ဆုံး နဂိုခန္ဓာကိုယ်ပိုင်ရှင်ကို အနိုင်ကျင့်ခဲ့သည့် အစေခံဆိုးတွေကို ရှင်းလင်းသည်။ အဲဒီနောက် ကျောင်းဇီမြို့ရဲ့ ရှေးထုံးနည်းလမ်းတွေကို ပယ်ရှားကာ မြို့တော်ရဲ့ သီးနှံအထွက်နှုန်းကို တိုးတက်စေလေ၏။ ကဗျာနယ်ပယ်၌ နာမည်ကျော်ကြားမှုကြောင့် သူ့နာမည်ဟာ မင်းနေပြည်တော်ထိတိုင် ရောက်ရှိခဲ့လေ၏။ သားဖြစ်သူရဲ့ မယုံနိုင်စရာကောင်းလောက်အောင် ထူးချွန်မှုတွေကို သတိပြုမိသွားတဲ့ အန်းဝမ်ဟွားက ဇနီးဖြစ်သူ ကန့်ကွက်သည့်ကြားမှ အန်းချန်ကျယ်ကို မြို့တော်သို့ ပြန်ခေါ်လေ၏။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now