《Zawgyi》
4.6[လျိုချန်းဘဝ]
အဆင့်မြင့်ဇွန်ဘီကောင် သေဆုံးသွားတော့ ကျန်ခဲ့တဲ့ အဆင့်နိမ့်ဇွန်ဘီတွေက ခြေဦးတည့်ရာ လျှောက်သွားကြတော့သည်။ ဘေးက အန္တရာယ်ဖိအား လျော့သွားသဖြင့် လျန်ဖျင်နဲ့ယန်ကျန်းတို့ကလည်း ယဲ့ကျစ်ကျိုးနား ချက်ချင်းရောက်လာကြသည်။
လျန်ဖျင်က လက်တစ်ဖက်ဖြင့် ယဲ့ကျစ်ကျိုးကို လှမ်းဆွဲလိုက်ရင်း ကျန်တစ်ဖက်နဲ့ လက်စွဲတော်ဓားကိုထုတ်ကာ ရှည်သွယ်သွယ်အမျိုးသားအား တိုက်ခိုက်တော့သည်။ ယန်ကျန်းကလည်း ဓားနှင့်အတူ မီးတောက်တွေကို ထုတ်ဖော်လိုက်၏။
"တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ"
ထိုအမျိုးသားက ရေရွတ်သည်။ လက်ကိုအသာယာ လှုပ်ရှားလိုက်တော့ လေပြင်းတိုက်ခတ်လာကာ သတ္တုအချင်းချင်း ထိခတ်မိသံ ထွက်ပေါ်လာလေသည်။ ယဲ့ကျစ်ကျိုးက လှည့်ကြည့်လိုက်တော့ လျန်ဖျင်ရဲ့လက်စွဲတော်ဓားဟာ အရပ်ရှည်ရှည်အမျိုးသား ထုတ်လိုက်တဲ့ တူတစ်စုံရဲ့ဖိညှပ်ထားခြင်း ခံထားရလေပြီး မြင်ရတာ ရယ်စရာကြီးဖြစ်နေ၏။တစ်ဖက်မှာလည်း ယန်ကျန်းထုတ်လွှတ်လိုက်တဲ့မီးတွေက ထိုအမျိုးသားရဲ့ အပေါ်ထပ်အင်္ကျီနား ရောက်ခါနီးနေလေပြီ။ ယဲ့ကျစ်ကျိုးက ယန်ကျန်းရဲ့တိုက်ခိုက်မှု အောင်မြင်တော့မည်ဟု ထင်နေသည့်အချိန်မှာပင် လေပြင်းတိုက်ခတ်မှုကြောင့် ယန်ကျန်းက သိုလှောင်ရုံတံခါးနှင့် မိတ်ဆက်သွားတော့သည်။
ဘယ်လိုတောင် အန္တရာယ်ရှိတဲ့ပုဂ္ဂိုလ်ပါလိမ့်!
ယဲ့ကျစ်ကျိုးက နှလုံးခုန်မြန်လာသည်။ စိတ်စွမ်းအားတွေကို အပ်ဖျားသဖွယ် စုစည်းလိုက်ရင်း တစ်ဖက်အမျိုးသားရဲ့ဦးနှောက်တွင်းသို့ ဝင်ရောက်စေလိုက်၏။ တစ်ချိန်တည်းမှာပဲ လက်ကိုအနားမပေးပဲ တစ်ဖက်လူရဲ့မျက်လုံးကို တိုက်ခိုက်ကာ ကျန်တစ်ဖက်က ရင်ဘတ်ကိုချိန်ရွယ်လိုက်သည်။ လျန်ဖျင်က လာဆွဲခေါ်တဲ့အချိန်မှာပင် ယဲ့ကျစ်ကျိုးက ခြေထောက်ကိုမြှောက်ကာ ထိုအမျိုးသား၏ 'မိသားစုရတနာလေး'ကို လှမ်းကန်လိုက်တော့သည်။
ယဲ့ကျစ်ကျိုးရဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ပိန်သွယ်သွယ်အမျိုးသားက ကြောင်အသွားကာ ကန်ချက်အား သတိကြီးကြီးဖြင့် ရှောင်လိုက်သည်။ ကိုင်ထားတာလွတ်သွားသဖြင့် ယဲ့ကျစ်ကျိုးအား လက်မောင်းကနေဆွဲကာ ပြန်ဖက်ထားလိုက်ပြန်သည်။ စိတ်စွမ်းအားတွေကို အာရုံခံမိဟန်ဖြင့် ဝါညိုရောင်မျက်ဝန်းတွေက လှုပ်ရှားသွားကာ ဘယ်နေရာကမှန်းမသိတဲ့ အားပျော့လှသည့် စိတ်စွမ်းအားတစ်မျိုးက ထွက်ပေါ်လာလျက် အလွှာပါးလေးဖြစ်လာပြီး ကာကွယ်လိုက်လေသည်။ ယင်းစွမ်းအားက ယဲ့ကျစ်ကျိုးရဲ့ အပ်ဖျားသဏ္ဍာန် စိတ်စွမ်းအားတွေကို ပိတ်ဆို့တားဆီးထားလေ၏။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》