《Zawgyi》
1.15[တုယန့်ဘဝ]
အိမ်ပြန်ရောက်ပြီး သုံးနှစ်အကြာတွင် ...
ယဲ့ကျစ်ကျိုးဟာ ယွင်ခယ့်ရဲ့မွေးနေ့မှာ အိပ်ရာထက်၌ ရက်စက်စွာ ပစ်ထည့်ခံလိုက်ရသည်။ "ခင်ဗျားဒိုင်ယာရီထဲက အကြောင်းတွေက အမှန်ပဲလား? ပြော ..ကျွန်တော့်မမနဲ့ ခင်ဗျားနဲ့ကြားမှာ တကယ့်ကို ဘာမှမရှိခဲ့ဘူးပေါ့?"
ယွင်ခယ်ဟာ သူ့ရဲ့ မျက်စိကျိန်းလောက်စရာ အလှလေးကို နူးညံ့စွာ ကြည့်လိုက်၏။ "အမှန်တွေပါ .. မဟုတ်ရင် ကိုယ်က ဘာလို့ မင်းကို အဲဒီဒိုင်ယာရီကို ကြည့်ခွင့်ပေးမှာလဲ?"
ထိုစဉ်တုန်းက ယွင်ခယ်နှင့် တုယွင်တို့၏ လက်ထပ်ခြင်းဟာ တစ်ဖက်နှင့်တစ်ဖက် သဘောတူညီမှုနှင့်သာ ဖြစ်သည်။ တုယွင်ဟာ စီးပွားရေးလောကထဲက မကောင်းတဲ့ နတ်ဆိုးလိုလူတွေကို ဖိနှိပ်ဖို့အတွက် ခင်ပွန်းတစ်ယောက်ကို လိုအပ်နေခဲ့တာဖြစ်ပြီး ယွင်ခယ်ကလည်း တစ်နေ့မှာ လက်ထပ်ဖို့က ရှောင်လွှဲလို့ရမှာ မဟုတ်ပေ။ ဒါ့အပြင် တုယွင်နှင့်သူနှင့်က အတူကြီးပြင်းလာကြသဖြင့် မောင်နှမတွေလိုသာ ဖြစ်နေကြပြီး နှစ်ဦးလုံးက စိတ်ဓာတ်ခိုင်မာသူတွေ ဖြစ်သဖြင့် တစ်ယောက်နှင့်တစ်ယောက် ချစ်သွားကြဖို့ဆိုတာက မလွယ်ပေ။ နှစ်ဦးကြားမှာ ဆွေမျိုး .. စီးပွားရေးမိတ်ဆွေ အနေဖြင့်သာ တစ်လျှောက်လုံး ရှိခဲ့ကြလေသည်။
"ရှောင်ယန့် ... မင်းက ကိုယ့်ရဲ့အချစ်ဦးပါ" ယွင်ခယ်က သူ့အချစ်လေးရဲ့ ပါးမို့မို့အား လက်ဖြင့် လှမ်းပွတ်သပ်လိုက်ပြီး မျက်ဝန်းထဲက နူးညံ့ကြင်နာမှုတွေဟာ လျှံကျမတတ်ကို ပေါ်လွင်နေပါ၏။
သူ့မျက်နှာကတော့ ရှက်သွေးဖြာပြီး နီမြန်းသွားကာ မျက်ဝန်းလေးတွေက အနည်းငယ် လှုပ်ခပ်သွားလေသည်။ ခေါင်းကိုငုံ့လျက် ပထမဆုံးအကြိမ်အနေနှင့် သူ့ဘက်ကနေ ယွင်ခယ့်နှုတ်ခမ်းတွေအား စပြီးနမ်းလိုက်လေသည်။ နှုတ်ခမ်းတွေကို နာအောင် တမင်ကိုက်လိုက်ပြီးတော့မှ လွှတ်ပေးကာ ခြိမ်းခြောက်လေ၏။ "နောင်အနာဂတ်မှာ ခင်ဗျား ကျွန်တော့်အပေါ် အမှားလုပ်ရဲလုပ်ကြည့် .. ခင်ဗျားရဲ့ တတိယခြေထောက်ကို ဖြတ်ပစ်မယ်!"
》》တတိယခြေထောက် ဆိုတာကတော့ အဟမ်း .. ယူတို့ ထင်နေတဲ့ဟာပါပဲ ဟုတ်ပါတယ်《《
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》