1.5

10.2K 1.4K 47
                                    

《Zawgyi》

1.5[တုယန့်ဘဝ]

ယွင်ခယ်ဟာ နောက်ဆုံးတော့ လူငယ်လေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ မည်မျှခက်ကြောင်း သိသွားပါတော့၏။ သူ့လက်ထောက်ကို ထွက်သွားဖို့ လက်ခါပြလိုက်ပြီး စားပွဲပေါ်က ဖွင့်ထားသည့် ထမင်းဘူးကိုပါ တခါထဲ ကြည့်လိုက်သည်။ အဲဒီနောက်တော့ ယွင်ခယ်က ဆိုဖက်ထက်တွင် ထိုင်ချလိုက်ရင်း ထိုကလေး ချထားသည့်ခွက်ကို ကောက်ကိုင်ကာ မေးလိုက်၏။ "ဗိုက်ဆာလို့လား?"

"ခဏလေး" ယဲ့ကျစ်ကျိုးက ယွင်ခယ့်လက်ထဲမှခွက်ကို ဝေးဝေးသို့ထားလိုက်သည်။ "ကျွန်တော် ဒီခွက်နဲ့ သောက်ထားတာ"

"ဒါ ကိုယ်သောက်တဲ့ခွက်"

သူက ခဏလောက် တောင့်ခဲမိသွားပြီး စိတ်ပြန်တင်းကာ မျက်နှာပြောင်ပြောင်နှင့်ပဲ ပြောလိုက်ရသည်။ "အခုကစပြီး ကျွန်တော့်ဟာ ဖြစ်သွားပြီ"

ရပါတယ်လေ .. ဒါက တကယ်တော့ လူငယ်လေးတွေ ပုန်ကန်တတ်တဲ့ အရွယ် အပိုင်းအခြားကို ရောက်နေတာပဲ ... ယွင်ခယ်က ကလေးကို သေသေချာချာကို စူးစိုက်ကြည့်နေ၏။ ခေါင်းအစ ခြေအဆုံး ထိုကလေးရဲ့အင်္ကျီပေါ်က တံဆိပ် အမှတ်အသားလေးကနေ ရှူးဖိနပ်ကြိုး ပြေလျော့နေတာအထိကို စေ့စေ့စပ်စပ် ကြည့်နေတာဖြစ်၏။ တစ်ကယ်တော့ ခန္ဓာကိုယ်ကိုဖြတ်ပြီး ပြောင်းလဲသွားတဲ့ စိတ်အတွင်းထဲထိ မြင်နိုင်ခဲ့ပါလျှင် ...

သူက ယွင်ခယ်၏အကြည့်ကြောင့် ခန္ဓာကိုယ်ပင် တောင့်ဆတ်သွားသလို ခံစားလိုက်ရပြီး ကမန်းကတန်း ခေါင်းစဉ်ပြန်ပြောင်းလိုက်ရသည်။ "ဒီခွက်ထဲက လဘက်ရည်က မမလီလီရဲ့ ထမင်းဘူးထဲကပါတာ ... ကျွန်တော် နည်းနည်းလေးပဲ သောက်ကြည့်ရသေးတယ် ... လဘက်ရည်က တစ်ခုခုမှားနေတယ်လို့ ထင်တာပဲ"

ထင်ထားတဲ့အတိုင်းပဲ ယွင်ခယ်ရဲ့အာရုံက ပြောင်းသွားကာ ခွက်ကို ဖြည်းဖြည်းချင်း ကောက်ယူလိုက်ပြီး အနံ့ကို ရှူကြည့်လိုက်၏။ "ဘယ်နေရာက မှားနေတာလဲ?"

"ကျွန်တေ် အသေးစိတ်တော့ မသိဘူး
.. ဒါပေမယ့် ဒီလဘက်ရည်မှာ ပြဿနာတစ်ခုခု ရှိနေတာတော့ သေချာတယ် ... သောက်လည်းသောက်ပြီးရော ကျွန်တော့်စိတ်က ချက်ချင်းပဲ လွတ်လပ်ပေါ့ပါးသွားတယ် ငှက်မွေးတစ်ခုလို ပေါ့ပါးသွားတာ နောက်ပြီး စိတ်လည်းရှုပ်ထွေးလာတယ် ..... ဒါက သတင်းတွေထဲမှာ ပါလာတတ်တဲ့.လက္ခဏာတွေနဲ့ တူနေတယ်လို့ ဘာလို့ ကျွန်တော် ခံစားနေရတာလဲ ... စောနက ကိုကိုယွင်ခယ် ရှူကြည့်လိုက်တဲ့ တစ်ခုက ....." သူက စိုးရိမ်ပြီး တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ အမူအယာနှင့် တမင်တကာပင် အသံကိုလေးလေးနက်နက်ဖြင့် ပြောလိုက်တာ ဖြစ်၏။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now