3.8

6.4K 1.1K 30
                                    

《Zawgyi》

3.8[အန်းချန်လော့ဘဝ]

ကျောင်းသားတွေက သူတို့နား ဆူညံပွက်ထလျက် လာကြည့်ကြကာ စောနက အန်းချန်ကျယ်ဘေးနား ရပ်နေကြသူတွေပါ ဘေးသို့ လျင်မြန်စွာရှဲသွားကြသည်။

အန်းချန်ကျယ်က လူအုပ်ကြားထဲမှာ ထင်းထင်းကြီး တစ်ယောက်ထဲကျန်နေတော့သည်။ သူက ထိတ်လန့်မှုကို ကြိုးစားထိန်းနေကာ တည်ငြိမ်စွာ ပြော၏။
"ဆရာကြီးလျို ဘာပြောတာလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး"

"မင်းက နားမလည်ဘူးလား?"
လျိုချင်းဖုန်းက အန်းချန်ကျယ် သူ့အပြစ်သူ ဝန်မခံတာကိုတွေ့တော့ ပိုလို့တောင် ဒေါသထွက်လာသည်။ မျက်နှာနီရဲကာ လက်ထဲမှာကိုင်ထားတဲ့စာအုပ်ရဲ့ ပထမစာမျက်နှာအား လူငယ်လေးရဲ့ရှေ့ကို ထိုးပြလိုက်သည်။
"မင်းခိုးယူထားတဲ့စာကိုကြည့် ... မင်းကတော့ ကျောင်းသားတွေကို တကယ်ကြီး မျက်နှာပျက်အရှက်ရအောင် လုပ်လိုက်တာပဲ!"

[အန်းချန်ရှန်းနဲ့ အဓိကဇာတ်ဆောင်တို့ကြားက ချစ်သွားနိုင်ချေဟာ 30%သို့ ကျဆင်းသွားပါပြီ။ ကျေးဇူးပြုပြီး ပါဝင်တင်ဆက်သူက ဆက်ကြိုးစားပေးပါ]

system ရဲ့ အသိပေးချက်ကို လက်ခံရရှိလိုက်တဲ့ ယဲ့ကျစ်ကျိုးက အန်းချန်ရှန်းရဲ့ အလားတူနီရဲနေတဲ့မျက်နှာကို လှမ်းကြည့်လိုက်ပြီး မီးထဲလောင်စာထပ်ပေါင်းပေးလိုက်သည်။
"အစ်ကိုကြီး ဘယ်လိုဖြစ်ပြီး အစ်ကိုနှစ်ရေးထားတဲ့ကဗျာက ကျွန်တော့်စာအုပ်ထဲက ကဗျာနဲ့ တူနေရတာလဲ? ... အစ်ကိုနှစ်က တကယ်ပဲ ခိုးချထားတာလား? ... မဟုတ်လောက်ပါဘူးနော် ... သူအရင်က ရေးခဲ့တဲ့ကဗျာတွေက ဒီလောက်ကောင်းတာ ... သူ့အဆင့်နဲ့ ခိုးချဖို့ဆိုတာက....."

အန်းချန်ရှန်းက ဖြစ်နိုင်ချေကိုတွေးမိသွားပုံရပြီး သူ့ကိုမေးလာသည်။
"လော့အာ ... ဒီစာအုပ်ကို ဘယ်နေရာက ရလာတာလဲ? ဒီပေါင်းချုပ်စာအုပ်က အတွဲလိုက်ရှိတာလား?"

"အစ်ကိုကြီးက ဘာလို့ ရုတ်တရက် ဒီလိုတွေးမိတာလဲ?"
သူက မသိနားမလည်တဲ့ပုံစံလေး ဆက်လက်ပြုမူနေ၏။
"ကျွန်တော်က တောင်ဘက်လမ်းမှာ စာအုပ်ကြမ်းပိုးတစ်ယောက်ဆီက ဒီကဗျာပေါင်းချုပ်စာအုပ်ကို ဝယ်ခဲ့တာ ... သူပြောတာတော့ ဟိုးအရင်မင်းဆက်တွေကတည်းက သူတို့ဆွေစဉ်မျိုးဆက် ဘိုးဘေးဘီဘင်တွေက စာပေလေ့လာမှုတွေထံကနေ တိတ်တဆိတ် လျို့ဝှက် စုဆောင်းလာခဲ့တာတဲ့ ... သူတို့က နှစ်ပေါင်းရာနဲ့ချီ ဖုံးကွယ်ထားခဲ့တာမလို့ ကဗျာပေါင်းချုပ်က နောက်ဆက်တွဲတွေ ဖြစ်နေတာ ...ကဗျာတွေကို အပိုင်းလေးပိုင်း ခွဲလို့ရတယ် .. နွေဦး ... နွေရာသီ ... ဆောင်းဦးနဲ့ ဆောင်းရာသီဆိုပြီး"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now