《Zawgyi》
6.4 [က်စ္ယြမ္ဘဝ]
တစ်ခါမှ ဒီလောက် ကျဉ်းထဲကျပ်ထဲ မရောက်ဖူးပေ။
ယဲ့ကျစ်ကျိုးက လန့်တာပြေသွားတော့ သားရဲပေါက်စလေးကို အစာကျွေးလိုက်ကာ သူ့လက်ပေါ်မှာပဲ အိပ်စေသည်။ ပြီးတော့ သူ့ကိုယ်သူ ထုံးထျန်းကို စစ်ဆေးခိုင်းလိုက်ကာ ခန္ဓာကိုယ်မှာ ဘာပြဿနာမှမရှိမှန်း အတည်ပြုလိုက်သည်။ ပြီးနောက် တဲထဲဝင်ကာ သတိလစ်နေတဲ့ မိန်းကလေးကို စစ်ဆေးခိုင်းလိုက်သည်။
[သူမရဲ့ခန္ဓာကိုယ်က ကျန်းမာပါတယ်။ ဒါပေမယ့် ဝူဟွင်းကတော့ လျော့ပါးနေပါတယ်။ အားပြန်ဖြည့်ဖို့လိုပါတယ်။ သင့်တော်တဲ့ဆေး systemမှာ မရရှိနိုင်ပါ]
သူက မျက်မှောင်ကျုံ့ကာ နည်းနည်းတွေဝေသွားသည်။ ဝူဟွင်းဆိုတဲ့အရာကို ဘယ်လိုပြန်ဖြည့်ရမလဲ။ မိန်းကလေးကို သူ့ဝိဥာဉ်စွမ်းအားနဲ့ လှည့်ပတ်ကြည့်စေပေမယ့်လည်း တစ်ဖက်က လက်မခံပုံဖြင့် မျက်နှာက ဖြူလိုက်နီလိုက် ဖြစ်လာ၏။ တွန့်ဆုတ်ဆုတ်ဖြင့် ဝိဥာဉ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့ချစ်သူရဲ့ အမွေးဖွားခေါင်းလေးကို ပွတ်သပ်ကာ တဲအပြင်ရှိ အနက်ရောင်သားရဲကို အကြည့်ရွှေ့လိုက်သည်။
သူဒီမှာ ထပ်နေလို့မရပေ။ အိမ်ပြန်ဖို့ လမ်းရှာရမည်။ ဒီသားရဲကြီးက.... ပျံသန်းနိုင်တယ်လေ။
ကျစ်အိမ်တော်က တရုတ်ပြည်ရဲ့ အိမ်တော်ကြီးတွေထဲက တစ်ခုဖြစ်သည်။ ဒါပေမယ့် သနားစရာကောင်းတာက မျိုးဆက်သုံးဆက်ပြီးနောက်မှာ ပါရမီရှင် ထွက်မလာတော့ပေ။ အခုလက်ရှိ ခေါင်းဆောင်က ကျစ်ရှန်၊ ဘူမိအဆင့်၉ ဖြစ်သည်။ ဟွားတိုင်းပြည်ရဲ့မြို့တော်၌ အနက်ရောင်အဆင့်ဆို လမ်းဘေးခွေးတွေလို အများအပြားရှိပြီး ဘူမိအဆင့်တွေကိုတော့ လမ်းဘေးမှာ မတွေ့ချင်မှအဆုံး။ ကောင်းကင်အဆင့် ကျွမ်းကျင်သူတွေကတော့ နေ့တိုင်းစုဝေးကြပြီး သိပ်အပြိုင်အဆိုင်မရှိပေမယ့် လူအုပ်ကြီးကိုတော့ သေချာပေါက် ဖိအားမပေးနိုင်ပေ။ ကျေးဇူးတင်စရာကောင်းတာက ကျစ်ရှန်က နဂိုကတည်းက အဆက်အသွယ်ကောင်းကောင်းရှိပြီး အခြားသော အိမ်တော်ကြီးတွေနဲ့လည်း အခြေအတင် မဖြစ်ဘူးဘဲ တော်ဝင်မျိုးနွယ်တွေနဲ့လည်း စီးပွားရေးတွဲလုပ်သည်။ ဒီလိုနှင့်ပဲ သုံးနှစ်တာလုံး ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးခဲ့၏။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》