1.14

9.3K 1.3K 28
                                    

《Zawgyi》

1.14[တုယန့်ဘဝ]

[ယန့်ဝေနဲ့ ဇာတ်လိုက်မတို့ကြားက ချစ်သွားနိုင်ချေဟာ ၆၀%သို့ ကျဆင်းသွားပါပြီ .. ကျေးဇူးပြုပြီး ဆက်ကြိုးစားပေးပါ]

ဆံပင်ကို ရေသုတ်နေသည့် ယဲ့ကျစ်ကျိုးက တန့်သွားကာ နည်းနည်း အံ့အားသင့်သွား၏။
"ဒီလောက်ထိ ကျသွားပြီလား? ငါက ယန့်ဝေရဲ့အမေကို ကိစ္စလေးနည်းနည်းပဲ ပို့လိုက်ရသေးတာ ဘယ်လိုဖြစ်ပြီး?"

ဖန်သားပြင်က ဖျတ်ခနဲ လင်းလာကာ ကြုံတောင့်ကြုံခဲပင် အဖြေတစ်ခု ပေါ်လာ၏။ [မိဘတွေ အားမပေးတဲ့အချစ် ဆိုတာမျိုးက ကြာရှည်မခံပါဘူး]

အဓိပ္ပါယ်တော့ ရှိသားဟ ..

ယန့်မာမားဟာ အမြဲတမ်း အဆင့်အတန်းရှိစွာ နေထိုင်တတ်သူဖြစ်ကာ သူမသားကိုလည်း ဒီလိုမျိုး အကျင့်စာရိတ္တ ပျက်ပြားနေတဲ့ ယောက္ခမနှင့် ဇနီးဖြစ်သူမျိုး ရှိလာမှာကို လက်ခံနိုင်မှာ မဟုတ်ချေ။ နဂိုဇာတ်ကြောင်းမှာထဲက ယန့်ဝေရဲ့မာမားက ယွင်ခယ် လုယူထားခဲ့သည့် ဇာတ်လိုက်မကို သဘောမကျခဲ့တာဖြစ်ပြီး အကူအညီမဲ့နေတဲ့ သူမသား ယန့်ဝေက သူလက်လွှတ်ထားခဲ့သည့် အမွေဆက်ခံခွင့်တွေကို ယွင်ခယ်နှင့် ယှဉ်ပြိုင်ရန်အတွက် ပြန်ဆက်ခံခဲ့သည်။ ယန့်မိသားစုရဲ့ ကန့်ကွက်မှု သဘောမတူမှုတွေ ကြားကတောင်မှ ယန့်ဝေက သူ့မိခင်ရဲ့ စကားတွေကို ပယ်ရှားကာ ဆွေမျိုးတွေနှင့် ပဋိပက္ခ အဖြစ်ခံခဲ့၏။

ပိုင်လီတစ်ယောက် ရေချိုးပြီး ထွက်လာချိန်မှာ ပြတင်းပေါက်ဘေးမှာ ရပ်နေသည့် ယန့်ဝေရဲ့နောက်ကျောအား တွေ့လိုက်ရသည်။ ပိုင်လီက သူမရဲ့ နူးညံ့ပြီး ကြင်နာတတ်တဲ့ သတို့သားလောင်က တကယ့်ကို ယုံကြည်အားထားရတယ်လို့ တွေးမိကာ နှုတ်ခမ်းထောင့်ကို အပေါ်သို့တွန့်၍ ပြုံးလိုက်သည်။ ထို့နောက် နူးညံ့တဲ့ အပြုံးတစ်ပွင့်နှင့်အတူ ရှေ့သို့တိုးသွားလိုက်ပြီး ယန့်ဝေအား နောက်ကနေ ဖက်လိုက်သည်။
"ချစ်တို့က ဘယ်အချိန်ပြန်ရမှာလဲဟင်? ကိုကိုနဲ့ မင်္ဂလာကတိပြုပြီး တစ်ဘဝလုံး အတူတူနေချင်လှပြီ" တစ်ကယ်တော့ သူမက အစ်ကိုယွင်ခယ့်လို ခိုင်မာအင်အားကြီးတဲ့ သူမျိုးကို ပိုသဘောကျပေမယ့်လည်း သူမကို ချစ်ခင်မြတ်နိုးပြီး လေးစားပေးမယ့် ဒီလိုယန့်ဝေလိုခင်ပွန်းမျိုး ရမယ်ဆိုရင်လည်း မဆိုးပါဘူးလေ ... နှစ်ယောက်လုံးကို တစ်ပြိုင်ထဲ ယူလို့မရတာ ဆိုးလိုက်တာ .....

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now