《Zawgyi》
2.8[ယောင်းချန်ဘဝ]
အိုးရန်ချွန်းဟာ ထွက်ပြေးချင်နေတဲ့ ယဲ့ကျစ်ကျိုးအား ကားထဲ ဆွဲခေါ်လာပြီး တံခါးလော့ခ်ချလိုက်တော့၏။
"ကိုယ် ဒီနေ့ စိတ်ဝင်စားစရာ ကောင်းတာတစ်ခု ဖတ်ခဲ့ရတယ်" သူက ကားပြတင်းမှန်ကိုတင်လျက် အပေါ်ထပ်အင်္ကျီကိုချွတ်လိုက်ပြီး နက်ခ်တိုင်အား ဖြေလျော့ကာ အင်္ကျီလက်မှ ကြယ်သီးတွေအား ဖြုတ်လိုက်သည်။
"မင်း ဇာတ်ကားစရိုက်ပြီး တစ်လလောက်ကစလို့ ကျန်းရှင်းရန်နောက်ကို လိုက်ခဲ့တယ်ဆို ... ဟမ်? သူ့ကို ပိုးပန်းဖို့ လက်ဆောင်တွေတောင် ပေးခဲ့သေးတယ်ဆိုလား?"သူက ချက်ချင်း ကိုယ်ကိုမတ်သွားလျက် တစ်ဖက်က အမျိုးသား၏ မှောင်လဲ့နေသော မျက်ဝန်းတွေအား ကြည့်မိ၏။ စိတ်ထဲမှာတော့ အေးစိမ့်နေသည့် လေအေးတွေ တိုက်ခတ်နေရပြီး ကားတံခါးဘက်သို့ ဂရုတစိုက်နှင့် တိုးကပ်သွားလိုက်သည်။
"သ... သူဌေး စိတ်ထိန်းပါအုန်းဗျာ...""စိတ်ထိန်းရမယ်?" ထိုအမျိုးသားက အင်္ကျီလက်တွေကို ပင့်တင်လျက် ကော်လံက ကြယ်သီးတွေကိုပါ စဖြုတ်ချေလေပြီ။ ရုတ်တရက် ရှေ့တိုးလာလျက် သူ့နောက်က ကားထိုင်ခုံအား လက်တစ်ဖက်ဖြင့်ကိုင်ကာ ကျန်တစ်ဖက်ကတော့ ကားတံခါးကို ဖိထားလျက် သူ့အား ရင်ခွင်ထဲ၌ မြဲမြံစွာ ချုပ်နှောင်ထားလိုက်တော့သည်။
"ကိုယ်က အခု အရမ်း စိတ်တည်ငြိမ်နေတာပါ"ရွှေပေါင်ကြီး .. ကြည့်ရတာ ခင်ဗျားရဲ့စိတ်အခြေအနေမှာ ပြဿနာတစ်ခု ရှိနေတာနဲ့တူတယ်!
နှစ်ဦးသားက အရမ်းနီးကပ်နေကာ သိပ်မကွာတော့သဖြင့် - အမြဲတစေ ဖိနှိပ်ထားသော စိတ်စွမ်းအားတွေက ပြန်ပြီး ထိန်းချုပ်မရ ဖြစ်လာသည်။ သူက စိတ်ငြိမ်သွားစေဖို့အတွက် အသက်ကို ပြင်းပြင်းရှူလိုက်ကာ ထိုအမျိုးသား၏ရင်ဘတ်အား လက်ဖြင့်တွန်းလျက် တားဆီးဖို့ ကြိုးစားနေ၏။
"သူဌေး ... နောက်နည်းနည်း ပြန်ဆုတ်ပါလား .. အရမ်းကပ်နေပြီလေ"
စိတ်စွမ်းအားတွေ လွတ်ထွက်လာတော့မယ်..."ကိုယ့်ကို သူဌေးလို့ မခေါ်နဲ့"
ကောင်လေးက ငြင်းဆန်နေတာကိုတွေ့တော့ အိုးရန်ချွန်း၏ ဝင်သက်ထွက်သက်တို့မှာ ပိုလို့ပင် အေးစိမ့်လာပြီးလျှင် လူငယ်လေးရဲ့လက်ကို ဖမ်းဆွဲလျက် ကျန်လက်တစ်ဖက်ကတော့ ခေါင်းနောက်ဖက်အား ကိုင်လိုက်၏။ အိုးရန်ချွန်းက သူ့နားသို့ပိုကပ်သွားအောင် ဆွဲယူလျက် ခေါင်းမော့စေလိုက်ပြီး နားနားသို့ တိုးကပ်သွားသည်။
"နောက်ကျရင် ကိုယ့်နာမည်ကိုပဲခေါ်ဖို့ မမေ့နဲ့"
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》