5.6

2.5K 490 39
                                    

《Zawgyi》

5.6[ချင်းပေါင်ဘဝ]

နောက်ထပ်ပိတ်ရက် တစ်ရက်တွင်ဖြစ်၏။။ ၁၁ရက်နေ့ရောက်ဖို့ ရက်အနည်းငယ်တော့လိုသေးသည်။ ယဲ့ကျစ်ကျိုးက ကျောင်းစာကြည့်တိုက်ရှေ့ရှိ ထိုင်ခုံပေါ်မှာထိုင်ရင်း စိတ်စွမ်းအားသုံးလျက် အဓိကဇာတ်ဆောင်ဝေ့စစ်ဟန်နှင့် စစ်ယိုချန်တို့ ဖုန်းပြောနေကြသည်ကို နားထောင်နေသည်။

ပြန်ပေးဆွဲတဲ့ဇာတ်ကြောင်းကို လေးခေါက်မြောက် ကြည့်ပြီးသည့်နောက် သူက လူတစ်ယောက်ကို တွေ့သွားသည်။ စစ်ယိုချန်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဖန်းရှူဟယ်။ ထိုအတွင်းရေးမှူးဟာ နှုတ်လုံပြီး ယုံကြည်ရသူဖြစ်သည်။ သူမအဖေနာမကျန်းလို့ နှစ်ဝက်လောက်ခွင့်ယူခဲ့တာကလွဲရင် ပြီးခဲ့တဲ့ဆယ်နှစ်လုံးမှာ စစ်ယိုချန်ရဲ့အတွင်းရေးမှူးအဖြစ် ရှိနေခဲ့တာပင်။ အိမ်ထောင်လည်းမရှိ ချစ်သူရည်စားလည်းမရှိသည့် စံပြဝန်ထမ်းကောင်းတစ်ဦး ဖြစ်လေ၏။

ပြန်ပေးဆွဲတဲ့ကိစ္စ ဖြစ်ပွားပြီးတော့ စစ်ယိုချန်က ကျောက်မင်ရဲ့စိတ်ကျန်းမာရေး အခြေအနေကို ဂရုစိုက်ပေးရတာနှင့် အလုပ်များနေသည်။ စစ်ယွဲ့ကလည်း ငယ်ငယ်လေးရှိသေးသည်။ စစ်ကျီမင်က အသက်ကြီးနေတာကြောင့် ဘာမှမကူညီပေးနိုင်ပေမယ့် မြေးဖြစ်သူစစ်ယွဲ့ကိုတော့ စောင့်ရှောက်ပေးထားသည်။ ထိုအခါ ရဲတွေနှင့်အတူ စစ်ဟန်ကိုရှာဖို့တာဝန်က ထိုအတွင်းရေးမှူးထံသို့ပဲ လုံးလုံးလျားလျား ကျရောက်သွားခဲ့လေ၏။

နဂိုဇာတ်ကြောင်းမှာတော့ အတွင်းရေးမှူးဖြစ်တဲ့ဖန်းရှုဟယ်က နေရာအနှံ့ကိုရှာပေမယ့် ဘာသဲလွန်စမှမရခဲ့ဟုဆိုသည်။ ကျောက်မင် ဆေးရုံတက်ရတော့လည်း စစ်ယိုချန်က ကုမ္ပဏီကိစ္စတွေနှင့် အလုပ်များနေသဖြင့် ဆေးရုံသို့မလာနိုင်ခဲ့ဘဲ ဖန်းရှူဟယ်ကသာ စောင့်ရှောက်ပေးခဲ့ရသည်။ စစ်ယွဲ့က စစ်ယိုချန်ကို ဝေ့စစ်ဟန်အကြောင်း လာမေးချိန်မှာလည်း ဒီအန်အေ အဖြေမြန်မြန်သိရဖို့ ဝေ့စစ်ဟန်ရဲ့ဆံပင်ကို ယူပေးသူမှာလည်း ထိုအတွင်းရေးမှူးဖန်းရှုဟန်ပင် ဖြစ်လေပြန်သည်။

ဝေ့စစ်ဟန်နှင့်ချင်းပေါင်တို့ ရန်ဖြစ်တိုက်ခိုက်နေကြကြောင်းကို တစ်အိမ်သားလုံးက ကျောက်မင်မသိအောင် ဖုံးဖိထားကြပေမယ့် ဖုန်းပြောရင်းနှင့် မတော်တဆလိုလို ဘာလိုလိုဖြင့် ကျောက်မင်ကိုသိစေခဲ့သူမှာလည်း ဖန်းရှူဟယ်ပင်။ စစ်ယိုချန်နှင့် စစ်ယွဲ့တို့နှစ်ယောက် ချင်းပေါင် ထောင်ထဲမှာ သေသွားတဲ့အကြောင်း စာကြည့်ခန်းတွင်း ပြောနေကြသည်ကို အပြင်၌စာဖတ်နေတဲ့ ကျောက်မင်သိအောင် တံခါးကို မသိမသာဖွင့်ထားသူမှာလည်း ဖန်းရှုဟယ်ပင် ဖြစ်လေ၏။  ကျောက်မင်မှာ ထိတ်လန့်သွားတာကြောင့် ဆေးရုံသို့ တန်းပို့လိုက်ရသည်အထိပင်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now