《Zawgyi》
2.6[ယောင်းချန်ဘဝ]
စိတ်ကူးယဉ်နေတယ်လို့တောင် ထင်ရတဲ့ စာချုပ်ကြီးကို ချုပ်ဆိုပြီးသကာလ ယဲ့ကျစ်ကျိုးဟာ ခိုင်မာတောင့်တင်းကာ မယှဉ်နိုင်သာတဲ့ ရွှေပေါင်ကြီးကို ဖက်လိုက်ရလေ၏။ ရွှေပေါင်ကြီးနဲ့ သူ့တူလေးတို့ရဲ့ မြင့်မြတ်လှစွာသော ကားကြီးနှင့် လိုက်ပို့မည့်အရေးအား ယဉ်ကျေးစွာ ငြင်းဆန်၍ အများသုံးယာဉ်ဖြင့်သာ အိမ်သို့ ပြန်လာတော့သည်။ သူ့မှာ အိမ်လည်းပြန်ရောက်ရော အိပ်ရာထက်တွင် ချက်ချင်း ပစ်လှဲချ၍ ငါးအသေတစ်ကောင်နှယ် အိပ်လိုက်လေသည်။
တစ်နာရီလောက်ကြာတော့ မျက်နှာသေကြီးဖြင့်ထကာ ကွန်ပျူတာကိုဖွင့်လျက် အကောင့်တုထဲသို့ဝင်ကာ Weibo ကို စစ်ကြည့်လိုက်ပြီး မနက်က ကျန်နေသေးတဲ့ အမည်းစက် အရှုပ်အထွေးကြီးအား ရှာဖွေလိုက်သည်။ - လူ့အသိုင်းအဝိုင်းထဲ ပြန်သွားဖို့အတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် နေ့တစ်နေ့ပါပင်။
************
ည ကိုးနာရီမှာတော့ ပရိသတ်တွေဟာ ပုံမှန်အတိုင်း Weibo သုံးနေကြတာ စိတ်ဝင်စားစရာ သတင်းထူးတွေ ပွဲအသစ်အသစ်တွေကို မလွတ်သွားဖို့အရေး စောင့်မျှော်လျက် ရှိကြကုန်၏။
{ငါက သိပ်အရေးမပါလှတဲ့ အကောင့်လေးပါ} : ကွက်လပ်ဘဏ်မှာ လုပ်နေတဲ့ ဘလော့ဂါတစ်ဦးက သတင်းထူး တစ်ခု တင်လိုက်တယ်ဟေ့ .. သူ ဒီနေ့ ဘဏ်ရဲ့အချက်အလက်တွေကို အမှတ်မထင် တွေ့လိုက်ရတော့ သရုပ်ဆောင်တွေ အများကြီးရဲ့ နာမည်တွေကို တိတ်တိတ်လေး ရှာကြည့်လိုက်တယ်တဲ့ .. အဲဒီမှာ ရှော့ရလောက်စရာ ငွေလွှဲမှတ်တမ်းတွေ တွေ့လို့!
သူ့တူလေးကို ကျေးဇူးမသိတတ်တဲ့ကောင်လို့ ပြောခဲ့တဲ့ အန်တီရေ - ခင်ဗျားတူပေးတဲ့ 1 မီလီယံကို ခွေးတွေကို အစာကျွေးပစ်တာလားဗျာ?
[ ပုံ ] × ကိုးပုံ အပါအဝင်ဒရမ်မာအကြီးစားကြီး .. တူလေး .. ကျေးဇူးမသိတတ်တဲ့သူ
ထိုစကားလုံးတွေက ဘယ်သူ့ကို ရည်ညွှန်းတာလဲ ဆိုတာကတော့ အသိသာကြီးပင်!ပရိသတ်တွေက မွှေနှောက်တော့လေလျက် ထိုဓာတ်ပုံတွေကို ကြည့်လိုက်တော့ ငွေလွှဲမှတ်တမ်းတွေ အများကြီးကြောင့် မေ့လဲမတတ် ဖြစ်သွားကြသည်။ အထူးသဖြင့် သိပ်မကြာသေးခင်တုန်းကမှ လွှဲထားခဲ့သည့် 1 မီလီယံ လွှဲပြောင်းမှု ...
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》