《Zawgyi》
1.8[တုယန့်ဘဝ]
လဘက်ရည်ကို စစ်ဆေးထားတဲ့အဖြေ ထွက်လာပြီးတဲ့နောက် ရက်အနည်းငယ် အကြာမှာတော့ ဇာတ်လိုက်မအကြောင်း စုံစမ်းခိုင်းထားတဲ့ အစီရင်ခံစာအသစ်ဟာ ယွင်ခယ်ရဲ့ လက်ထဲသို့ ရောက်လာလေ၏။
"ပိုင်မိန်းကလေးက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက တုအိမ်တော်ကို ရောက်ရှိသွားပါပြီ .. သူက လွန်ခဲ့တဲ့တစ်လ ပထမအကြိမ် ပန်းပြပွဲတစ်ခုမှာ ဝမ်မိသားစုရဲ့ မြေးအငယ်ဆုံးဖြစ်တဲ့ ဝမ်နားဆိုတဲ့ မိန်းကလေးနဲ့ သိကျွမ်းခဲ့ပါတယ် .. သူမကနေတစ်ဆင့် ဝမ်မိသားစုရဲ့ စတုတ္ထသားဖြစ်သူ ဝမ်ကျွယ်ကောင်းနဲ့ သိသွားတာပါ .. သူတို့နှစ်ယောက်ဟာ အကြိမ်ပေါင်းများစွာ တိတ်တဆိတ် တွေ့ဆုံခဲ့ကြပါတယ် .. ဒါ့အပြင် ဝမ်နားရဲ့အမေမှာ ဆေးကုမ္ပဏီပိုင်တဲ့ ဆွေမျိုးတစ်ယောက် ရှိပါတယ် .. ဆေးက အဲဒီနေရာကနေ ရလာတာ ဖြစ်ပါလိမ့်မယ်"
"ငါနားလည်ပြီ ... ပိုင်လီကို ဆက်ပြီးစောင့်ကြည့်ထားလိုက် ... တစ်ခုခုဖြစ်ရင် ချက်ချင်း သတင်းပို့" ယွင်ခယ်က ဖုန်းချလိုက်ပြီး စုံစမ်းမှု အစီရင်ခံစာကို နောက်တစ်ကြိမ် ဂရုတစိုက် ပြန်ဖတ်လိုက်သည်။ အဲဒီနောက်တော့ သူက မျက်မှောင်ကုပ်ရင်း ထိုအကြောင်းကို တွေးနေ၏။
တစ်ဖက်ခန်းမှာ ယဲ့ကျစ်ကျိုးက သူ့စိတ်စွမ်းအားကိုသုံးကာ ယွင်ခယ်နှင့် ချိတ်ဆက်လိုက်ပြီး ဖုန်းပြောတာကို နားထောင်ကာ သူပါ ထိုအကြောင်းကို စဉ်းစားကြည့်နေသည်။
ဝမ်မိသားစု ... ဆေးကုမ္ပဏီ ... တုမိသားစုရဲ့ရန်သူ
အစီရင်ခံစာထဲမှာတော့ ဇာတ်လိုက်မက ဝမ်မိသားစုနဲ့ အကြိမ်ရေ တော်တော်များများ တွေ့ခဲ့တယ်တဲ့ ... သူတို့က အစတုန်းက တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ကြဘူး ... ဆိုလိုတာက ဇာတ်လိုက်မနဲ့ ယွင်ခယ်တို့ရဲ့ စတင်တွေ့ဆုံမှုက ကြံစည်အကွက်ချထားတယ်ဆိုတဲ့ ဖြစ်နိုင်ချေက ဇီးရိုးပဲ .. အဲ့တာကြောင့်မလို့ ကားအက်စီးဒန့်ကြောင့် ဇာတ်လိုက်မရဲ့ မှတ်ဥာဏ်တွေ ဆုံးရှုံးသွားတယ် ဆိုတာကလည်း တိုက်ဆိုင်မှုသပ်သပ်ပဲ ... ဇာတ်လိုက်မကို တွေ့ပြီး ရင်းနှီးအောင်လုပ် အခွင့်ကောင်းယူပြီးတဲ့နောက်မှာ .. အဆိပ်ပါတဲ့ လဘက်ရည်က ဝမ်မိသားစုဆီက လာတာပဲ ဖြစ်ရမယ်
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》