《Zawgyi》
3.7[အန်းချန်လော့ဘဝ]
ဒီရက်တွေမှာ ယန်မင်ယုံးက အမြဲအိပ်နေတတ်တာကို ယဲ့ကျစ်ကျိုးက တွေ့နေရသည်။ နေ့လည်စာစားပြီးလို့ စာအုပ်ကို နှစ်မျက်နှာလောက် ဖတ်ပြီးတာနဲ့ အိပ်သွားတတ်သည်။ နောက်ဆုံးမှာတော့ ယဲ့ကျစ်ကျိုးမှာ သလွန်ငယ်ပေါ်၌ အိပ်ပျော်နေသည့် သူ့ချစ်သူကိုကြည့်ကာ သည်းမခံနိုင်တော့ပဲ တော်ဝင်သမားတော်ကို ခေါ်ရသည်။ အချိန်တော်တော်ကြာ စမ်းသပ်ပြီးတာတောင် တော်ဝင်သမားတော်က ဘာမှရှာမတွေ့ပေ။ သူ့သားတော်ထံ ရောက်လာတဲ့ ဧကရာဇ်ကတော့ အလွန်ထိတ်လန့်သွားလေသည်။
"ငါ့သားတော်က တကယ်ပဲ အဆင်ပြေရဲ့လား?"
"အရှင်မင်းကြီးကို ဖြေကြားပါတယ် ... အရှင့်သားက ဘာမှအန္တရာယ်မရှိပါဘူး ကျန်းမာရေးကလည်း ပိုတောင်တိုးတက်လာပါသေးတယ် ... အရှင်မင်းကြီးကို ဒီနှစ်ပွဲတော်အခမ်းအနားမှာပါ အဖော်ပြုပေးနိုင်လောက်မှာပါ"
တော်ဝင်သမားတော်က ဝမ်းမြောက်စွာပြောလေသည်။ ဟိုးအရင်ကဆိုလျှင် မင်းသား၈က အမြဲနေမကောင်းဖြစ်လေရာ တော်ဝင်သမားတော်တွေက အမြဲတမ်း ကြိမ်းမောင်းပြစ်တင်ခံရသည်။ အခု မင်းသားရဲ့ခန္ဓာကိုယ်က ပိုကျန်းမာလာသဖြင့် ဧကရာဇ်ကလည်း စိတ်ကြည်လင်ကာ သူတို့ကို မဆူပူတော့သည်သာမက တစ်ခါတစ်ရံမှာ ဆုတွေပင်အမျိုးမျိုးကိုလည်း ချီးမြှင့်သေးသည်။ဧကရာဇ်က ဒါကိုကြားတော့ အလွန်ကျေနပ်သွားသည်။
"အင်း မဆိုးဘူး ဆုချီးမြှင့်ရမယ်"
ထို့နောက် ဧကရာဇ်က ဘေးက လူငယ်လေးရဲ့ ခန့်ညားတဲ့မျက်နှာကို ကြည့်လိုက်သည်။
"ယုံးအာရဲ့ လက်ရှိအခြေအနေအရဆိုရင် နောက်နှစ်လနေရင် ကျင်းပမယ့် ဆောင်းဦးအမဲလိုက်ပွဲတော်မှာ တက်ရောက်နိုင်ပါ့မလား?"တော်ဝင်သမားတော်က စဉ်းစားချင့်ချိန်ကြည့်၏။
"သူ့ကို အရမ်းအပင်ပန်းမခံခိုင်းဘူးဆိုရင် တက်ရောက်နိုင်ပါတယ်""သိပ်ကောင်းတယ်"
ဧကရာဇ်က ရယ်မောလိုက်လေသည်။ ကမ္ဘာပေါ်က သာမန်ဖခင်တွေအားလုံးလိုပါပဲ ဧကရာဇ်ဟာ သူ့ရဲ့နေမကောင်းတဲ့သားတော်လေး ပိုကျန်းမာလာတာကိုတွေ့ရတာ အရမ်းဝမ်းသာရလေသည်။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》