3.13

5.9K 1K 49
                                    

《Zawgyi》

3.13[အန်းချန်လော့ဘဝ]

စစ်သည်တွေက စခန်းချတဲတွေအတွင်း ဝင်ရောက်ကာ သီးခြားစောင့်ကြည့်နေကြ၏။ ယဲ့ကျစ်ကျိုးမှာ သီးသန့်အကျဉ်းထောင်ရဲ့ ပြုမူဆက်ဆံပုံနဲ့တွေ့ရတာ "တော်တော်လေးကံကောင်း"ပေသည်။ သူက တဲစခန်းချရာနေရာရဲ့ထောင့်ရှိ သိသာထင်ရှားခြင်း ရှိမနေတဲ့ တဲငယ်လေးကို လှည့်ပတ်ကြည့်လိုက်သည်။ အကြည့်က မီးပုံထံကနေ ခြေသုတ်ခုံရယ် စားပွဲငယ်ထက်ရှိ ပူပူနွေးနွေး ခေါက်ဆွဲပန်းကန်လုံးလေးနှင့် သစ်သီးစိတ်ပန်းကန်တို့ပေါ် ကျရောက်သွားသည်။

ကိုယ်ကိုငုံ့ကိုင်း၍ ထိကိုင်ကြည့်လိုက်မိ၏။ ကောင်းလိုက်တာ ခေါက်ဆွဲလေးတွေက ပူပူနွေးနွေးလေးပဲရှိသေး...

ယဲ့ကျစ်ကျိုးက ချက်ချင်းထိုင်ချကာ တူကိုကောက်ကိုင်လျက် ခေါက်ဆွဲကိုစားလေသည်။

"အထဲမှာ အဆိပ်ခပ်ထားမှာ မကြောက်ဘူးလား?"

ယဲ့ကျစ်ကျိုးက မျက်ဆံလှည့်ပြလိုက်၏။ တစ်ဖက်လူကိုမော့ကြည့်ချင်စိတ် ရှိမနေသေးပေ။
"မင်းကျွေးတာပဲ ငါစားနေတာလေ"

အဆိပ်ပါတာစားမိရင်တောင် ငါကသေမှာမဟုတ်ဘူးနော် ... ထုံးထျန်းရဲ့ ဆေးရောင်းတဲ့စနစ်က အကောင်းဆုံးပဲ!

ယန်မင်ယုံးမှာ ပြောစရာစကားပျောက်ရှသွားရသည်။ ယဲ့ကျစ်ကျိုးဘေးသို့ မပျော်မရွှင် ရောက်လာကာ ထိုင်ချပြီး ခါးကိုလက်နှစ်ဖက်စလုံးဖြင့် ဖက်တွယ်ထား၏။ "နောက်ဆိုရင် ငါ့ဘေးကနေ တစ်ရက်ထက်ပိုပြီး ထွက်သွားဖို့ ခွင့်မပြုဘူး"

ယဲ့ကျစ်ကျိုးက သခွားမွှေးသီးတစ်စိတ်ကို ပါးစပ်ထဲသွင်းလိုက်ရင်း ခေါက်ဆွဲစားရာ၌သာ အာရုံစိုက်ထား၏။ ဧကရာဇ်နဲ့ ယန်မင်ယုံးတို့ ကိုယ်တိုင်ဖန်တီးထားတဲ့ပြဇာတ်က သူ့ကို တစ်ညလုံး ဒုက္ခပေးခဲ့သည်။ ပင်ပန်းကာ ဆာလောင်မွတ်သိပ်နေသဖြင့် ပွတ်သီးပွတ်သပ်လာလုပ်နေတဲ့ ကောင်စုတ်လေးကို အဖက်လုပ်ချင်စိတ်မရှိသေးပေ။

ယန်မင်ယုံးကို ဖရဲစေ့ပေးလိုက်တော့ ကိုက်ကြည့်ပြီး တောင့်တင်းသွားကာ ထွေးထုတ်လိုက်ချင်ပေမယ့် ဒါဟာ လော့အာက သူ့ကို ပထမဆုံးအကြိမ်အဖြစ် ဖရဲစေ့ကျွေးတယ်ဆိုတာ သတိရသွားတော့ လိမ်လိမ်မာမာနဲ့ပဲ မြိုချလိုက်လေသည်။ ယဲ့ကျစ်ကျိုးစားနေတာကြည့်ပြီး စိတ်ပူသွားကာ ဖက်ထားတဲ့လက်တွေက တင်းကျပ်လာ၏။
"တစ်ညလုံး မအိပ်ရသေးဘူးလား? ဘာတစ်ခုမှလည်း မစားရသေးဘူးပေါ့?"

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now