5.4

2.3K 478 45
                                    

《Zawgyi》

5.4[ချင်းပေါင်ဘဝ]

မှတ်တမ်းအလုံးစုံကို ကြည့်ရှုပြီးပေမယ့် ဘာမှရှာမတွေ့သဖြင့် ချင်းမိုက ကားထဲပြန်ဝင်ကာ မျက်လုံးမှိတ်ပြီး ကားနောက်မှီကို မှီလိုက်သည်။ သူ့မျက်နှာမှာ မောပန်းနွမ်းလျနေ၏။

အတွင်းရေးမှူးက ချင်းမိုကိုကြည့်ပြီး စိုးရိမ်တကြီး အကြံပြုသည်။
"ကျွန်တော်တို့ ဒီမြို့မှာရှိတဲ့ မိဘမဲ့ဂေဟာတွေအကုန် ရှာပြီးသွားပြီ ... ကလေးက_"

ချင်းမိုက မျက်ဝန်းတွေပြန်ပွင့်လာကာ အတွင်းရေးမှူးအား အေးစက်စက် စိုက်ကြည့်လိုက်လေသည်။

အတွင်းရေးမှူးက ခေါင်းငုံ့သွားကာ ဆက်မပြောရဲတော့ပေ။

"သူအသက်ရှင်နေသေးတယ်"
ကားက ဖြည်းဖြည်းလေးပဲ ရွေ့လျားနေသည်။ ချင်းမိုက ကားမှန်ပြတင်းအပြင်ဘက်ရှိ မြင်ကွင်းတွေကို ငေးမောနေ၏။
"ငါ သူ့ကိုရအောင်ရှာမှာ"

အပြင်ဘက်ရှိ မြင်ကွင်းက မြို့စွန်ရှိ လူသူခြောက်ကပ်နေတဲ့ ဆင်ခြေဖုံးမြင်ကွင်းကနေ မြို့လယ်လူစည်ကားတဲ့မြင်ကွင်းသို့ ပြောင်းလဲလာသည်။ ချင်းမိုက ပြတင်းပေါက်အပြင်ဘက်သို့ ငေးမောနေသည်ကို တွေ့တော့ အတွင်းရေးမှူးက တွန့်ဆုတ်ဆုတ်ဖြင့် သတိပေးလာသည်။
"ဘော့စ် ... ကျွန်တော်တို့ထွက်လာတာ တစ်ပတ်လောက်ရှိသွားပြီခင်ဗျ ... ဥက္ကဌကြီးက ဘော့စ်ကို မြန်မြန်ပြန်လာခိုင်းနေတာ ... ဘော့စ် မြင်_"

ချင်းမိုက ပြတင်းပေါက်မှ အကြည့်လွှဲပြီး ခေတ္တတုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။
"ဒီညအတွက် လေယာဉ်လက်မှတ်ဖြတ်လိုက်တော့ ... ဒီမှာဆက်စုံစမ်းဖို့ လူလွှတ်ထား"

အတွင်းရေးမှူးက အလုပ်များသွားကာ ဖုန်းကိုဖွင့်ပြီး လေယာဉ်လက်မှတ် ကြိုဖြတ်နေ၏။

ရှေ့မှာမီးပွိုင့်က မီးနီနေသဖြင့် ကားရပ်သွားကာ ကားရှေ့လူကူးမျဉ်းကြား၌ လူနှစ်တန်းသုံးတန်းလောက်က လမ်းဖြတ်ကူးနေကြသည်။ ချင်းမိုက ကားနောက်ခန်းထဲမှာ ပစ်ထည့်ထားတဲ့ ပလုတ်တုတ်လေးကို ပြန်ကောက်ကိုင်ကာ လှုပ်ယမ်းနေရင်း ကားပြတင်းပေါက်ကို အမှတ်မထင် ကြည့်နေမိသည်။ ထိုစဉ်မှာပဲ မနီးမဝေး မြေအောက်ရထားဘူတာရုံထဲသို့ လမ်းလျှောက်ဝင်သွားသူတစ်ယောက်ထံ ရုတ်တရက် အကြည့်ရောက်သွားပြီး ချက်ချင်းပဲ ပလုတ်တုတ်ကိုချကာ ကားတံခါးကိုဖွင့်လျက် ထိုနေရာသို့ ပြေးသွားတော့သည်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now