2.10

8.6K 1.3K 20
                                    

《Zawgyi》

2.10[​ယောင်းချန်ဘဝ]

အင်တာနက်သုံးစွဲသူတွေဟာ လျိုဖေးဖေးနှင့် ကျန်းရှင်းရန်တို့၏ ဗီဒီယိုအား 'ဆေးဗီဒီယို'ဟု နာမည်ပေးထားကြပြီး ယဲ့ကျစ်ကျိုးက ထိုဗီဒီယို ဖြစ်စဉ်အပေါ် အာရုံစိုက်ပြီး စာရွက်ပေါ်မှာ ချရေးလျက် သေချာသုံးသပ်နေသည်။ အမြွှာတွေရဲ့ ဇာတ်လိုက်မနဲ့ ချစ်သွားနိုင်ချေဟာ စိတ်ချရတဲ့စည်း အောက်အထိကို ရောက်နေပြီဖြစ်ပေမယ့် အရင်ကမ္ဘာတုန်းက အတွေ့အကြုံအရဆိုလျှင် နောက်ဆုံးကျန်တဲ့ 30%ကို လျော့ကျစေဖို့က အခက်ခဲဆုံးပင်။

နဂိုဇာတ်ကြောင်းမှာဆို အိုးရန်ကျီက ဇာတ်လိုက်မနှင့် ချစ်တင်းနှောပြီးသွားတဲ့အခါမှ သူမအပေါ် လုံးလုံးလျားလျား ချစ်မိသွားခဲ့တာဖြစ်သည်။ ဖြစ်ပုံက ဤသို့ဖြစ်သည်။ အကြံပက်စက်တဲ့ ရင်းနှီးမြှပ်နှံသူတစ်ဦးက ဇာတ်လိုက်မကို အခွင့်အရေးယူတော့မယ့်အချိန် - ထိုကျဉ်းထဲကျပ်ထဲ အခြေအနေကနေ သူရဲကောင်းက အလှလေးကို ကယ်တင်ခဲ့တဲ့ ဇာတ်ကွက်ပင် ဖြစ်သည်။ ကာမစိတ်ကြွဆေးကြောင့် ဇာတ်လိုက်မက ရှပ်ရှင်လောကရဲ့ဘုရင်အား သူမကို 'ကူညီ'ဖို့ အတင်းအကျပ် စေခိုင်းခဲ့လေ၏။

ဟုတ်ပေသည်။ အိုးရန်ကျီကို ထိုသို့လုပ်ဖို့ အတင်းတိုက်တွန်းခဲ့သူမှာ ဇာတ်လိုက်မကိုယ်တိုင်ပါပေ။ ထိုစဉ်တုန်းက သူ ဇာတ်ကြောင်းကို ဖတ်ကြည့်ခဲ့တဲ့အခါမှာ တစ်ခုခု မှားနေတယ်လို့ ခံစားမိခဲ့ဖူးသည်။ အခုအချိန် အိုးရန်ကျီနှင့် ဇာတ်လိုက်မတို့၏ စိတ်နေစိတ်ထားတို့ကို သေချာတွေးကြည့်မည်ဆိုပါလျှင် - နဂိုဇာတ်ကြောင်းက ပါးပါးလေး လှည့်စားထားတယ်ဆိုတဲ့ ခံစားချက်တစ်ခုကို ရရှိနေပေ၏။

နဂိုဇာတ်ကြောင်းမှာ အိုးရန်တိရဲ့ ဇာတ်လိုက်မအပေါ် သူ့အပြုအမူတွေက လုံးဝကို ချိန်ဆထိန်းသိမ်းခဲ့တာ ဖြစ်သည်။ သူက သူ့ညီလေးနှင့် လုံးဝအတိအကျတူအောင် နေထိုင်နိုင်ခဲ့ပေမယ့် သူမက သူ့ညီလေးရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားခဲ့ရတာဆိုတဲ့ အချက်ကိုပဲ သိရှိလက်ကိုင်ထားခဲ့တာပင်။ ထိုတစ်ချိန်ထဲမှာပဲ အိုးရန်ကျီဟာ သူ့အမြွှာအစ်ကိုနှင့်သူက မိန်းမတစ်ဦးထဲအပေါ်မှာပဲ ချစ်မိသွားကြကြောင်းကို ဖြည်းဖြည်းချင်း လက်ခံလိုက်ရတော့သည်။ ဒါကိုတွေ့တော့ အိုးရန်တိမှာ အရမ်းနောင်တရသွားပြီး နာကျင်မှုတွေကို ကွယ်ဝှက်လျက် နောက်ဆုံးမှာတော့ ဇာတ်လိုက်မကို သူ့ညီလေးအတွက် လက်လျော့ပေးလိုက်ဖို့ ဆုံးဖြတ်လိုက်လေသည်။ ဒါပေမယ့် မထွက်သွားသေးခင် သူ မူးနေခဲ့ချိန်မှာ သူက ဇာတ်လိုက်မနှင့် လုပ်ခဲ့မိကာ - ကျန်းရှင်းရန်က သူ့ကလေးကို လွယ်ခဲ့ရ၏။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now