5.8

2.1K 376 28
                                    

《Zawgyi》

5.8[ချင်းပေါင်ဘဝ]

ပန်ဒါမျက်လုံးလိုဖြစ်နေတဲ့ ဝေ့ကျောင်းနှင့်အတူ စစ်ယွဲ့က ချက်ချင်းလိုက်လာသည်။

ဤတောင်တွေကြား၌ ညဆိုအေးပြီး လေတိုက်သည်။ ခြင်တွေကလည်း လူကြားထဲမှာ ပျံဝဲကာ စိတ်ရှုပ်ဖို့ကောင်းအောင် အော်မြည်နေကြပေမယ့် မည်သူမျှ ဂရုမစိုက်နိုင်အားကြပေ။ ချင်းမိုရဲ့အတွင်းရေးမှူးက တွင်းအောက်ခြေကိုမြင်ရနိုင်ဖို့ ဓာတ်မီးတွေယူလာပေးသည်။

"ဘုရား ဘုရား.."
ဝေ့ကျောင်းက ဆံပင်ကိုသပ်တင်ပြီး သူ့သူငယ်ချင်းကို လှည့်ကြည့်သည်။
"စစ်ယွဲ့  မင်း.."

စစ်ယွဲ့က ဖြည်းဖြည်းချင်း ​မြေပြင်​ပေါ် ​​ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သစ်ပင်အမြစ်​တွေကြားရှိ အရိုးစုငယ်ကို ထိလိုက်ပြီး လက်သီးကိုတင်းတင်းဆုပ်ကာ အကြည့်လွှဲလိုက်သည်။

ရှင်းကွမ်က ထပ်မငိုနိုင်​တော့ဘဲ တွင်းဝနံ​ဘေးမှာ အသက်မဲ့စွာထိုင်​နေ၏။ မျက်လုံး​တွေက နီရဲ​နေကာ တွင်း​အောက်​ခြေကို စိုက်ကြည့်​နေပြီး နှုတ်ခမ်း​တွေ တင်းတင်း​စေ့လျက် ဓါတ်မီးရဲ့အလင်းအောက်မှာ သူ့မျက်နှာက ​သွေးဆုတ်​ဖြူ​လျော်​​နေသည်။

"အဲ့နှစ်က ပြန်​ပေးဆွဲတဲ့ကိစ္စမှာ ​သေချာ​ပေါက် ပြဿနာတစ်ခုရှိ​နေတယ်"
ယဲ့ကျစ်ကျိုးက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ကာ တွင်းနံ​ဘေး၌ ဒူး​ထောက်နေတဲ့စစ်ယွဲ့ကို ကြည့်လိုက်သည်။
"အစ်ကိုကြီး ရဲ​ခေါ်ချင်လား"
အမှုဖွင့်ရင်လည်း စစ်ယိုချန်နှင့် ဖန်းရှုဟယ်ကို ​သေချာ​ပေါက် သတိ​ပေးသလိုဖြစ်သွားမည် .. မဖွင့်ရင်လည်း..

"အမှုဖွင့်မယ်"
စစ်ယွဲ့ရဲ့အသံက တင်းမာ​နေ​ပေမယ့် အနည်းငယ်ကြမ်းရှ​နေ၏။
"ဒါ​ပေမယ့် အခု​တော့ မဟုတ်​သေးဘူး ... အ​မေ့ကျန်းမာ​ရေးက သိပ်မ​ကောင်း​သေးဘူး"

သေချာတွေးကြည့်ရင် ယဲ့ကျစ်ကျိုးလည်း သ​ဘောတူသည်။ အမှုဖွင့်လိုက်လို့ ရဲ​တွေက စစ်ယိုချန်နှင့် ​နောက်ကွယ်က ဖန်းရှုဟယ်အ​ကြောင်း ဘာသက်​သေအ​ထောက်အထားမှ မရခဲ့လျှင် သူတို့ပဲ အခွင့်အ​ရေးကို ဆုံးရှုံးရမှာပင်။ ​တော်​တော့်ကိုခက်ခဲမည့် တိုက်ပွဲပါပင်။

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now