6.6

2.2K 262 19
                                    

《Zawgyi》

6.6[က်စ္ယြမ္ဘဝ]

ပြောင်းလဲမှုအသစ်ကြီးနဲ့ တည့်တည့်တိုး၍ ယဲ့ကျစ်ကျိုးမှာ ​တွေး​တောင် မ​တွေးတတ်​တော့​ပေ။ ချက်ချင်းပဲ ​ရှောင်ဟေးကို လန်ချိန်​တောင်တန်း​တွေဘက် ပြန်ဦးတည်ဖို့ ညွှန်ကြားလိုက်ရသည်။

ဇာတ်​ကြောင်းအသစ်အရ အဓိကဇာတ်​ဆောင်ဟာ ​တောနက်ထဲမှာ ၂နာရီ လမ်း​ပျောက်​နေလိမ့်မည်။ ထို့​နောက် ​ရေ​သောက်ရင်း ​ရွာသားတစ်​ယောက်ရဲ့ အိမ်​မွေးတိရစ္ဆာန်တစ်​ကောင်နောက် လိုက်ရင်းမှ ​ရေတံခွန်ကိုဖြတ်ကာ ရွာထဲ​ရောက်မည်ဖြစ်၏။ ရိုးသားတဲ့ရွာသား​တွေက ထိုတိရစ္ဆာန်​လေး​နောက် လိုက်ရှာကြရင်း အဓိကဇာတ်​ဆောင်ကို​တွေ့ကာ သူတို့တိရစ္ဆာန်​လေးကို ရှာ​ပေးတယ်ဆိုပြီး ကျေးဇူးတင်ကာ အိမ်ကို​ခေါ်ပြီး အစားအ​သောက်​တွေ ​​ကျွေးမွေးကြသည်။ အဓိကဇာတ်​ဆောင်က လူမှန်းမသိ​အောင် မူးသွားပြီး ​ကောင်း​ကောင်းအိပ်မ​ပျော်သဖြင့် ရွာထဲ​လျှောက်ကြည့်ရာမှ တိုက်တိုက်ဆိုင်ဆိုင် ရွာ​နောက်ရှိ လှပတဲ့ ရွာ​ခေါင်းဆောင်အသစ်​လေး အိပ်​ပျော်​နေတဲ့ စင်မြင့်ငယ်ရှိရာကို ​ရောက်သွားသည်။ ထို့​​နောက် ****လုပ်ကြသည်။

သူက ဖန်သားပြင်ကိုပိတ်ကာ သိုင်းသမား​တွေဝတ်​လေ့ရှိတဲ့ ဝတ်ရုံကိုချွတ်ပြီး  ချန်​ဖောင်အင်္ကျီကြီးကို လဲလိုက်သည်။ ဆံပင်ကိုချကာ ဖြစ်သလိုစုစည်းသည်။ အသံ​ပြောင်း​​ဆေးကို ​​သောက်ကာ ယီရုန်​ဆေးနဲ့ရုပ်​ပြောင်းလိုက်​တော့ သနားစဖွယ် အနိုင်ကျင့်ချင်စရာ မိန်းမငယ်​​လေးတစ်​ယောက် ​ပေါ်လာ​လေသည်။

အ​ကောင်ပေါက်​လေးက လှုပ်ရှားမှု​ကြောင့်နိုးလာကာ သူ့ကို ​တွေ​ဝေစွာကြည့်လိုက်သည်။ ထို့​နောက် တကိန်ကိန်မြည်​ကာ ​ကြောက်လန့်တကြား ထ ခုန်၏။ ခုန်​နေရင်းတန်းလန်းမှာပဲ သူ့ကို​သေချာကြည့်ကာ နှာ​ခေါင်း​လေးတရှုပ်ရှုပ် ​ခေါင်းက​လေး​​စောင်းပြီး အနားတိုးလာ၏။
"ပါပါးလား မာမားလား"

"..အိပ်​နေတာပို​ကောင်းတယ်​နော်"
တိတ်တဆိတ်နဲ့ အ​ကောင်ပေါက်​လေးကို ရင်ခွင်ထဲပြန်ထည့်လိုက်ပြီး ​ရေတံခွန်နား​ မရောက်ခင် ​ရှောင်​ဟေးကို ​မြေ​ပေါ်ဆင်းခိုင်းလိုက်သည်။ ထို့​နောက် ​ခေါင်းကိုငုံ့ကာ ​ရေတံခွန်ကိုဖြတ်ပြီး ​နောက်က ဝင်​ပေါက်ထဲ ဝင်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Apr 07, 2023 ⏰

Add this story to your Library to get notified about new parts!

မခြဲ..ကမၻာအသေခ်ၤ  [မခွဲ..ကမ္ဘာအသင်္ချေ]Where stories live. Discover now