《Zawgyi》
3.11[အန်းချန်လော့ဘဝ]
မင်းသား ၇ ဟာ ဧကရာဇ်ယန်နဲ့ တွေ့ပေးဖို့ လက်မှုပညာသည်အိုကြီး တစ်ဦးကို ခေါ်လာလေသည်။ ဧကရာဇ်ယန်က သူတို့ကို အများကြီးမေးမနေပဲ ဆုတော်လာဘ်တော်တွေ ချီးမြှင့်ကာ ပြန်လွှတ်လိုက်သည်။ နောက်တစ်နေ့မနက် ညီလာခံတွင်တော့ ဧကရာဇ်ယန်က တော်ဝင်အမိန့်တော်တစ်ခုကို ကြေညာလေသည်။ မင်းသား ၇ ယန်မင်လီအား ဘုရင်ခံဘွဲ့တော်ကို ချီးမြှင့်ခြင်းပင်ဖြစ်လေသ၏။ ဧကရာဇ်ဟာ ဘယ်တုန်းကမှ သူ့ရဲ့သားတော်တွေအား အိမ်ရှေ့စံ သို့ ဘုရင်ခံဘွဲ့ မချီးမြှင့်ခဲ့ဖူးပေ။ ဒီနေ့မှာ မင်းသား ၇ က ပထမဆုံး ကြေညာခြင်းခံရသူဖြစ်၏။ လူတိုင်းရဲ့စိတ်ထဲ၌ အတွေးတွေဖြတ်ပြေးသွားကြသည်။ အချို့ကတော့ မင်းသား ၇ ကို ထိပ်ဆုံးမှာရောက်သွားပြီဟု ခန့်မှန်းကြသည်။ အချို့ကမူ ဧကရာဇ်က သူ့ရဲ့လမ်းကို တားဆီးပိတ်ပင်လိုက်တာဟု ခံစားမိကြသည်။ ထီးနန်းကိုရဖို့အခွင့်အရေးက မရှိတော့ပေ။
ယန်မင်လီက စားပွဲပေါ်ရှိ တော်ဝင်အမိန့်တော်ကို ဖတ်ရှုကာ မျက်နှာက မကြည်လင်တော့ပေ။ သူက လက်သီးကိုဆုပ်လိုက်ဖြန့်လိုက်နဲ့ ထပ်ခါထပ်ခါ လုပ်နေကာ စိတ်အခြေအနေက ကြောက်မက်ဖွယ်ကောင်းနေမှန်း မြင်သာပေသည်။
သူ့ရဲ့ သစ္စာရှိမိန်းမစိုးက အနားကပ်ကာ တီးတိုးလျှောက်တင်၏။
"အဲဒီလူက ရန်ပွဲဖြစ်အောင် လုပ်နေတာပါ .... သူပြောတာတော့ သူ့အကြံအသစ်က သေချာပေါက် အရှင့်သားကို ငွေတွေတိုးပွားစေမှာပါတဲ့ နောက်ပြီး သူက တောင်ယာစိုက်ပျိုးရေးကို အကြီးအကျယ် မြှင့်တင်ပေးမယ့် ကိရိယာအသစ်ပုံစံကို ပြုလုပ်နေပါတယ်တဲ့""ဟုတ်လား?"
ယန်မင်ယုံးရဲ့ နှုတ်ခမ်းတွေက တွန့်ကွေးကာ မျက်ဝန်းတွေမှာ အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
"သူက တော်တော်လေး ဆန်းသစ်တီထွင်နိုင်တာပဲ ... ဒါပေမယ့် နောင်တစ်နေ့မှာ တခြားသူတွေက ဒီပစ္စည်းတွေကို ခမည်းတော်ဆီ ထပ်ဆက်သဦးမယ်ဆိုတာ ဘယ်သူသိမှာလဲ?"အစက အန်းချန်ကျယ်ကို ချဉ်းကပ်ခဲ့တယ်ဆိုတာက နောင်အနာဂတ်မှာ မြို့စားအိမ်တော်ကို သူ့လက်ထဲမှာ ချုပ်ကိုင်ထားပြီး အာဏာကြီးထွားစေဖို့ဖြစ်သည်။ ထင်မှတ်မထားစွာပဲ အန်းချန်ကျယ်မှာ အရည်အချင်းတွေရှိနေကာ စီမံကိန်းတွေ တီထွင်ဖော်စပ်နည်းတွေများစွာနှင့်ပင်။ တစ်ခါတုန်းက တော်တော်လေး အံ့ဩဖို့ကောင်းတဲ့ ဗုံးဆိုတဲ့အရာကို တီထွင်ခဲ့သေးသည်။ ယန်မင်လီဟာ ဒီအသားတုံးမှာ ကောင်းကင်ဘုံကကျလာတဲ့ အဆိပ်အသားတုံးဖြစ်မည်ဟုတော့ မတွေးထင်ထားခဲ့မိပါချေ။
YOU ARE READING
မခြဲ..ကမၻာအသေခ်ၤ [မခွဲ..ကမ္ဘာအသင်္ချေ]
Romance《ZAWGYI+UNICODE》 I DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. Myanmar Translation of 《There will always be protagonists with delusions of starting a harem》