Chapter 142- အကူအညီ

3.8K 582 27
                                    

Zawgyi

.

ထိုနေ့ညနေ အလုပ်ဆင်းတော့ Peng Ze နှင့် Liu Xuan တို့က ညဈေးပတ်ရန်  ချိန်းလိုက်ကြသည်။

" မင်း ဒီနေ့ ဒေါက်မြင့်ဖိနပ် စီးထားတာလား"
Peng Ze က မျက်ခုံးတစ်ဖက်မြှင့်ကာ ပြောလိုက်သည်။
" ပုံမှန်ဆို ဖိနပ်အပါးပဲစီးတာ မဟုတ်လား"

Liu Xuan က ရှက်ရှက်နှင့် ရယ်သည်။
" အဲ့ဒါမှ ကျွန်မ​ခြေထောက်လေးတွေဆက်စီကျမှာပေါ့"

" ကျားသားမိုးကြိုး"
Peng Ze က Liu Xuan ၏ နှာခေါင်းလေးကို ညှစ်လိုက်၏။
" မိန်းကလေး ဘယ်လိုဆန်ရမလဲဆိုတာတော့ သိသေးတာပဲ"

Liu Xuan က Peng Ze ပခုံးပေါ် ခေါင်းတင်လိုက်ရင်း ခပ်ချွဲချွဲဆို၏။
" ကိုယ့်ချစ်သူကို စိတ်ကျေနပ်အောင် နည်းနည်းတော့ လုပ်ပေးရတာပေါ့"

နှစ်ယောက်သား ဈေးထဲဝင်ကာ မျက်မှန်အရောင်းဆိုင်တစ်ခုရှေ့တွင် ရပ်၍ Liu Xuan က မျက်မှန်စမ်းတပ်ရင်း Peng Ze ကို မေးလိုက်သည်။
" လောင်ကုန်း... ဒါလေးဘယ်လိုနေလဲ"

လောင်ကုန်းဟူသော စကားကြောင့် Peng Ze တစ်ကိုယ်လုံး တုန်ကာ တန့်သွားသော်လဲ ချက်ချင်းပြန်ထိန်းမိ၏။

" သိပ်မဆိုးဘူးမလား"
Liu Xuan က ချွဲပစ်ပစ် ပြောနေသည်။

Peng Ze က ပျို့အန်ချင်လာသော်လဲ အရှေ့ကို သေချာကြည့်ပဲ ခေါင်းညိတ်၏။

" ဒါ အခုခေတ်စားနေတာလေ"
Liu Xuan က အဆက်မပြတ် စကားတွေပြောသည်။

Peng Ze ကတော့ ခေါင်းညိတ်ရုံသာညိတ်သည်။

Liu Xuan ကတော့ မျက်မှန်တပ်ကာ တစ်နေရာကို စိုက်ကြည့်ရင်း Peng Ze ရင်ဘတ်ကို ရည်ရွယ်ချက်ရှိရှိ ဖွဖွထုရင်း ပြောလိုက်သည်။
" ဟိုဟာ... ရှင့်သူငယ်ချင်းမလား"

သူတို့နားမှ ရေမွှေးဆိုင်တစ်ဆိုင်တွင် Li Zhen Zhen က တခြားယောက်​ကျားလေးတစ်ယောက်နှင့် ရပ်နေကြ၏။ လှပစွာ ဝတ်ဆင်ထားသော Li Zhen Zhen က အရင်လို ကျက်သရေရှိကာ လှပနေဆဲပင်။ ပထမတော့ Peng Ze က ဟုတ်မှဟုတ်ပါ့မလားတွေးနေသော်လဲ Liu Xuan မေးလိုက်တော့မှ Li Zhen Zhen ဆိုတာ ငြင်းမရတော့ပေ။

"အားရိုး.. ဒါက တမင်လုပ်နေတာမဟုတ်ပါဘူးနော်"
Liu Xuan က ​လှောင်ပြောင်ရယ်မောနေ၏။
" သူက ရှင်မနာလိုဖြစ်အောင် တမင်လုပ်နေတာလား"

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now