Chapter 32- ပြတ်ထွက်သွားအောင် ကိုက်ပစ်မယ်

7.1K 1K 9
                                    

Zawgyi

(T/N နားရွက်ကို ပြောတာပါ ခေါင်းစဉ်က)
Warning alert ..... သတိ cheesy word များ ပါသည်😁

Xia Yao ကတော့ Yuan Zong ၏ ကျောပြင်ကျယ်ပေါ်တွင် ​သက်တောင့်သက်သာ ရှိနေပြီး သူ့အောက်ကလူ ပြောင်းသွားသည်ကိုပင် သတိမထားနိုင်ပဲ စောစောက ပြောလက်စကို ဆက်သည်။

" ငါ သူ့ကို မနိုင်ဘူးကွာ... ငါ ဘယ်လိုလုပ်ရမလဲ"

Yuan Zong က အသံတိတ်နေကာ သူ့အာရုံများကို Xia Yao ၏ တင်ပါးသို့သာ ပို့ထားသည်။ Xia Yao ကို ကျောပိုးရာတွင် Xuan Da Yu ကဲ့သို့ ဒူးဆစ်နေရာကို မကိုင်ပဲ သူ့လက်အကြီးကြီးတွေနှင့် ဖင်ကိုသာ အားရပါးရ ကိုင်တာ ပင့်တင်ထားသည်။ ထိုသို့ကိုင်ခြင်း၏ အကျိုးကျေးဇူးကြောင့် အပေါ်တွင် ရှိနေသော Xia Yao သည်လဲ သက်တောင့် သက်သာရှိ၍ သူ့လက်လဲ နေရအဆင်ပြေသည်။

( ကိုင်ချင်ရင် ကိုင်ချင်တယ်ပေါ့... ဟွန့်)

"မိုက်တိုင်ဆန်က တစ်ခါ ပြောဖူးတယ်... အနိုင် မတိုက်နိုင်ရင် ကိုက်ပစ်လိုက်တဲ့..."
( မိုက်တိုင်ဆန်က နာမည်ကျော် လက်ဝှေ့သမားပါ)

ထိုသို့ပြောပြီးနောက် Xia Yao သည် လက်နှစ်ဖက်ဖြင့် Yuan Zong ၏ လည်ပင်းကို အားရပါးရ ကိုင်ကာ မေးတစ်ခုလုံးကို ပခုံးပေါ်တင်လိုက်သည်။

ထို့နောက် နားရွက်ကို သူ့ပါးစပ်တစ်ခုလုံးဖြင့် အားရပါးရ ငုံ၍ ကိုက်လေသည်။ သာမန်လူတစ်ယောက် အကိုက်ခံရလျှင် မျက်ရည်ကျလောက်အောင် အော်၍ ဒေါသတကြီးနှင့် ကျောပေါ်မှ သူ့အား လမ်းဘေးသို့ ပစ်ချပေလိမ့်မည်။ ထို့နောက် ကိုက်ရကောင်းလားဟူ၍ တစ်ချက် နှစ်ချက် ကန်ချင် ကန်ပါလိမ့်မည်။ သူကိုက်သည်က သာသာလေးမဟုတ်။ နားရွက်တစ်ခုလုံး မြိုချမတတ်ပင်။

သို့သော် Yuan Zong အတွက်တော့ မျက်ခုံးလေးသာ အနည်းငယ် ကျုံ့သွားသည်။ Xia Yao ၏ ပါးစပ်ထဲ ရောက်နေသော သူ့ ညာနားရွက်အား ကယ်တင်ရန် စိတ်ကူး လုံးလုံးမရှိ။ Xia Yao ကိုက်ရအဆင်ပြေစေရန်ပင် နားရွက်မှ ကြွက်သားများကို သူ မတင်းထား။

အား... အဲ့ဒါတောင် မရဘူးလား..
Xia Yao က နားရွက်ကို ကိုက်ရင်း ဗလုံးဗထွေးပြောကာ အားပိုစိုက်သည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now