Zawgyi
ညနေပိုင်းတွင် Yuan Zong က Xia Yao စားထားသော ပန်းကန်များကို ဆေးပေးနေရင်း Xia Yao ၏ skincare ပစ္စည်းများ မရှိတော့သည်ကို သတိထားမိ၏။
" မင်းရဲ့ skincare တွေ ဘယ်ရောက်သွားတာလဲ".Xia Yao က ပါးစပ်ဟသည်နှင့် အလိမ်ထွက်လာ၏။
"အမေ့ကို အိမ်ပြန်ယူခိုင်းလိုက်တယ်"Yuan Zong က ဘာမှဆက်မပြောတော့ပဲ ပန်းကန်လုံးကိုင်ကာ ရေချိုးခန်းထဲ ဝင်သွား၏။
ထိုညတွင် သူတို့နှစ်ယောက် တစ်မီတာပင် မကွာသော ကုတင်တစ်ခုစီတွင် အတူအိပ်ကြ၏။
Xia Yao အကြိုက်ဆုံး ကိစ္စတစ်ခုမှာ အိပ်ရာဝင်ခါနီး Yuan zong ကို ခိုးကြည့်ခြင်းဖြစ်၏။ Yuan Zong က တခြားသူများနှင့် မတူမှန်း သူသတိထားမိသည်။ Yuan Zong က အိပ်ရာဝင်ခါနီး ဖုန်းကြည့်လေ့မရှိ။ အကယ်၍ သူကြည့်နေသည်ဆိုလျှင် မက်ဆေ့ခ်ျ သို့မဟုတ် missed calls များကို ပြန်စစ်ခြင်းသာ။ ပြီးလျှင် ဖုန်းကို အံဆွဲထဲထည့်၍ လုံးဝထပ်မထိတောပ။
ထို့အပြင် Yuan Zong အိပ်သည့်အနေအထားက လုံးဝသန့်ရှင်း သပ်ရပ်သည်။ တိတိကျကျလှဲ၍ အိပ်ပျော်နေတုန်းလဲ လှုပ်ရှားမှု သိပ်မရှိလှ။ စောင်ကိုလဲ သပ်သပ်ရပ်ရပ်သာ ခြုံ၍ တွန့်လိမ်မှု မရှိ။ စစ်တပ်ထဲတွင် ကြီးပြင်းလာသူအတွက် အကျင့်စွဲနေဟန်တူ၏။
Xia Yao က ဒီလူကြီးနှင့် နေလို့ရော အဆင်ပြေနိုင်ပါ့မလား တွေးမိနေ၏။
Yuan Zong က စီးကရက်တစ်လိပ်ကို မီးညှိလိုက်၏။
Xia Yao ၏ မျက်လုံးများက သူ့ရှေ့မှလူကို ဆွဲဆောင်မှုအပြည့်နှင့် ကြည့်နေ၏။ Yuan Zong ၏ စောင်မှာ ဗိုက်တစ်ဝက်အထိပဲ ခြုံထား၍ အပေါ်ပိုင်းဗလာဖြစ်နေသည်။ ( အိပ်ရင် အင်္ကျီမပါပါဘူး) ကြွက်သားကြောင်းများက တင်းရင်းနေကာ Xia Yao ကို အတင်းအကြပ် မြှူဆွယ်နေသလိုပင်။ မျက်ခုံးရိုးမှ မေးရိုးအထိ ထိုမှတစ်ဆင့် လည်ဇလုပ်တိုင်အောင် ဆက်သွယ်ထားသည်မှာ လေးကိုင်းနှင့် တကူသလို ထက်ရှသော ဓားတစ်ချောင်းအသွင်လဲ ရှိ၏။ ထို့အပြင် တင်းတင်းကြပ်ကြပ်ရှိလှသော ကိုယ်နေဟန်နှင့် လိုက်ဖက်သော အကြည့်စူးစူးကလဲ ထိုမျက်နှာကို ပို၍ ဆွဲဆောင်မှု ရှိစေ၏။
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...