Zawgyi
ဆိုတော့ အဖြစ်အပျက်က သည်လို....
သင်တန်းသားလက်ခံသည့်နေ့က မြင်လိုက်ရသော မြင်ကွင်းကြောင့် Yuan Ru က ထိုကောင်လေးကို သဘောကျကာ သူကစ၍ လိုက်ခဲ့သည်။ သို့သော် ထိုကောင်လေးက စိတ်ဓာတ်မာလွန်းလှသည်။ Yuan Ru အပေါ် စိတ်နည်းနည်းယိုင်နေခဲ့သော်လဲ သူမ၏ နာမည်နှင့် ဂုဏ်သိက္ခာကြောင့် ချုပ်တီးနေခဲ့၏။ ထို့အတွက်ကြောင့် Yuan Ru က မျက်ရည်လည်ရွှဲနှင့် ဒူးထောက်ဘာညာ တောင်းပန်တော့ ကောင်လေးက လက်ခံလိုက်သည်တဲ့..။
ထို့နောက် သူတို့နှစ်ယောက် ချိန်းတွေ့ကြသတဲ့.. ပထမဆုံး ချိန်းတွေ့ကြသည့်အတွက် တစ်ယောက်လက် တစ်ယောက်ကိုင်ကာ မိုးမမြင် လေမမြင် ပြုံးဖြီးနေကြပါရောလား..
Yuan Ru က သူ့ရှိသော အဝတ်များထဲမှ အရိုးယဉ်ဆုံးကို ဝတ်ကာ မိတ်ကပ်လဲ ပါးပါးလေးသာ လူး၏။ ဆက်ဆီကျသော ကောင်မလေးပုံစံကို ဖျောက်ကာ ဘေးအိမ်မှ ကောင်မလေးအသွင် ရိုးရိုးလေးနှင့် လှနေသည်တဲ့..။ တစ်ခါတစ်ခါ ထိုကောင်လေးက မွှေးမွှေးပေးလိုက်သောအခါ ကျောင်းသူလေးကဲ့သို့ ရှက်သွေးဖြာ၍ ထိုကောင်လေး၏ ရေသေနတ်ကြီးကို မလိုချင်သော ဖြူစင်သည့် ကောင်မလေးပမာ ဟန်ဆောင်သတဲ့...
တောင့်တောင့်ဖြောင့်ဖြောင့် ကောင်လေးနှင့် အတူပျော်ပါးနေရာမှ အသံဆိုးကြီးတစ်သံကို ကြားလိုက်ရသတဲ့..
"Yuan Ru သစ္စာဖောက်မ..."
Yuan Ru က လန့်၍ တုန်ပါတုန်သွားကာ လူကြားထဲ ကျီးကန်းတောင်းမှောက် လှည့်ကြည့်သည်။ သို့သော် လူအရမ်းများနေသော လမ်းဖြစ်၍ အသံရှင်ကို မတွေ့ရ။
သည်ကောင်လေးကို အရမ်းလိုချင်နေလို့များ လျှောက်မြင်နေရတာလားဟု တွေးရင်း စိတ်လျှော့လိုက်ချိန်တွင် အသံထပ်ကြားလိုက်ရသည်။
"Yuan Ru. .. မင်းက အကျင့်မကောင်းတဲ့ဟာမ.... ငါးစိမ်းမြင် ငါးကင်ပစ်..."
ထိုအချိန်တွင်တော့ Yuan Ru လဲ သေချာကြားလိုက်ရကာ ဘေးနားမှ ဗလနှင့်ကောင်လေးလဲ ကြားလိုက်၏။
Yuan Ru က အတင်းလိုက်၍သာ လက်ခံလိုက်ရသော်လဲ သူ့စိတ်ထဲ မရေရာသလို စိတ်ထဲ နှစ်နှစ်ကာကာ လက်ခံခဲ့ခြင်းမဟုတ်။ ထို့ကြောင့် ဆဲဆိုနေသော အသံကို ကြားလိုက်ရသောအခါ ဒေါသထွက်ရမည့်အစား Yuan Ru ကို တအံ့တသြ ငေးကြည့်နေမိ၏။
CZYTASZ
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Akcjaချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...