Chapter 122- အရမ်းတွန်းအားမပေးနဲ့နော်

5.7K 869 40
                                    

Zawgyi

ရှေ့ရက်များက Xuan Da Yu တစ်ယောက် Wang Zhi Shui ကို ဆေးရုံတွင် စောင့်ပေးနေသည်။

Yuan Zong ၏ အကြင်နာမဲ့သော လက်သီးချက်ကြောင့် ရသည့်ဒဏ်ရာမှ အပ Wang Zhi Sui ၏ နဖူးဒဏ်ရာမှာ အတော်လေး ပျောက်နေပြီဖြစ်၏။ သူ ဘယ်လောက် ပိုက်ဆံပေးပေး Wang Zhi Shui က သူ့ကိုယ်သူ ဂရုမစိုက်တတ်မှန်း Xuan Da Yu သိလာရသည်။ ထို့ကြောင့် ပိုက်ဆံပေးလိုက်မည့်အစား သူကိုယ်တိုင်စောင့်ကြည့်ရန်သာ ဆုံးဖြတ်၏။ ထိုအခါမှသာ သူစိတ်ရှင်းမည်လေ။

သို့သော် Wang Zhi Shui က ဆေးရုံလိုက်ပို့ပေးတိုင်း Xuan Da Yu ကို အရည်မရ အဖတ်မရပြောရင်း ငြင်းတတ်သည်။ ဆေးရုံနှင့် ရန်ကြွေးရှိသကဲ့သို့ ဆေးရုံသွားရမည်ကို ​ကြောက်တတ်၏။

သောကြာနေ့နေ့လည်တွင် Xuan Da Yu က ထုံးစံအတိုင်း Wang Zhi Shui ကို ဆေးရုံပို့ရန် ဝင်ခေါ်သည်။ သို့သော် Wang Zhi Shui က ဆိုင်ကယ်တစ်စီးဖြင့် အပြင်ထွက်သွား၏။ Xuan Da Yu က ဒေါသထွက်လွန်း၍ ဆဲဆိုကာ ဖုန်းဆက်၏။ သူထင်သည်က Wang Zhi Shui တစ်ယောက် ဆေးရုံမသွားချင်၍ ထွက်ပြေးသွားသည်ထင်သော်လဲ ထိုကောင်စုတ်လေးက ပါဆယ်များ လိုက်ပို့နေသတဲ့။

"မင်္ဂလာပါ..Liu Si Yu များရှိလားဗျ.... ပါဆယ်လာပို့တာပါ...ဆင်းယူပေးပါဦး..."
Wang Zhi Shui က ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ရုံပင် ရှိသေး Xuan Da Yu ၏ ဆူပုပ်မည်းမှောင်နေသော မျက်နှာကြီး ပေါ်လာသည်။

" အာ... ခင်ဗျား တကယ်ကြီး လိုက်လာတယ်...."

Xuan Da Yu က ဒေါသထွက်လွန်း၍ စကားအကောင်း ​ပြောမထွက်တော့။
" မင်း ဘယ်တွေ လျှောက်သွားနေတာလဲ... ဆရာဝန်က မင်းကို အိမ်မှာ နားရမယ်လို့ မပြောထားဘူးလား..."

" နားနေတာပဲကို..."
Wang Zhi Shui က မျက်လုံးတစ်ဖက် မှိတ်ပြသည်။
"ဆိုင်ကယ်နဲ့ ပါဆယ်တွေ လိုက်ပို့ပေးရတာက လေညင်းခံရသလိုပဲကို... ပြီးတော့ ဖုန်းတွေ လိုက်ဆက်ပေးရတော့ မပျင်းရတော့ဘူးပေါ့... ပိုက်ဆံလဲ ကုန်တာမှ မဟုတ်တာ..."

ထိုအချိန်တွင် Liu Si Yu က အောက်ထပ်ဆင်းလာပြီး ပါဆယ်ယူကာ လက်မှတ်ထိုးလိုက်၏။

Liu Si Yu ထွက်သွားတော့ Xuan Da Yu က Wang Zhi Shui အား သူ့ကားထဲ ဆွဲသွင်းသည်။

" ဆေးရုံသွားမယ် လိုက်ခဲ့... အခုချက်ချင်း..."

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now