Zawgyi
အဝင်ဝ၌ နောက်ဆုံးပေါ် ကားတစ်စင်း ရပ်ကာ ရှည်လျားသော ခြေတံပိုင်ရှင် Yuan Ru က အထဲကို လျှောက်ဝင်လာ၏။
" မမလေး.. ဘယ်လို ဒီဇိုင်း ဘယ်လိုပုံမျိုး လိုချင်ပါလဲ ဘာပွဲအတွက်ပါလဲ"
Yuan Ru က တစ်ခွန်းထဲပြော၏။
" ချိန်းတွေ့မလို့"" ဘယ်လိုပုံစံ ပြင်ပေးရမလဲ"
Yuan Ru က ရှည်လျားသော ခြေတံများကို ဟန်ပါပါ ချိတ်ကာ ဆိုဖာလက်ရမ်းကို လက်သည်းနှင့် တတောက်တောက် ခေါက်နေ၏။
" ဘုန်းကြီးတောင် လူဝတ်လဲပြီး ရူးသွားရလောက်အောင်...""ဒါက... ကျွန်မတို့ အကောင်းဆုံး ကြိုးစားပါ့မယ်"
Xia Yao က မြစ်ကမ်းဘေး အေးဆေးစွာ လျှောက်နေရင်း ကားတစ်စီး သူ့ရှေ့တွင် အရှိန်နှင့် ရပ်လိုက်သည်။
ထို့နောက် ညှို့အားပြင်းသော မိန်းကလေးတစ်ယောက် ကားပေါ်မှ ဆင်းကာ Xia Yao ရှေ့ ရပ်လိုက်သည်။
အစိမ်းပုပ်ရောင်ဝတ်စုံကြောင့် လှစ်ပြထားသော ပခုံးသားများမှာ ဝင်းအိနေပြီး အချိုးအဆစ်မှာ သူ့နေရာနှင့်သူ နေရာတကျရှိသော မိန်းမလှလေး ဖြစ်၏။ ဆွဲဆောင်မှုအရှိဆုံးနေရာမှာ ခါးအထိ ခွဲထားသော စကတ်မှ မပေါ့်တပေါ်ဖြစ်နေသော ဖြူဖြူသွယ်သွယ် ခြေတံမှာ ခြေလှမ်းတိုင်းအပြင်သို့ ပြူထွက်ကာ Xia Yao ၏ မျက်စိရှေ့တွင် ဝင်းဝင်းလက်နေ၏။
အောင်မြင်မှု ၉၉ ရာခိုင်နှုန်းဖြစ်သော်လဲ ကံမကောင်းသည်ကXia Yao သည် ၁ ရာခိုင်နှုန်းမှ လူဖြစ်နေသည်။
"Xia Yao... နင့်အတွက် သီးသန့်ပါတီလုပ်တာလေ.. ဘာလို့မသွားရတာလဲ"
Xia Yao က ပြတ်ပြတ်ပြောသည်။
" ငါ မသွားချင်လို့"Yuan Ru ၏ ခြေတံနှစ်ချောင်းက Xia Yao ကို ဆွဲဆောင်နေဆဲ..။ ခြေတံများကို လှုပ်၍ ကစားပြီးနောက် ညင်သာသော အသံဖြင့် မေးသည်။
" နင်က ငါ့ကို ရှောင်နေတာလား"" မဟုတ်ပါဘူး"
စကားဆုံးသည်နှင့် Xia Yao က ချာခနဲလှည့်ထွက်ခဲ့သည်။Yuan Ru က သူ့နောက်ပြေးလိုက်လာတော့ အမွှေးနံ့တို့က ထုံသင်းနေပြန်သည်။
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...