Zawgyi
( ခေါင်းစဉ်ကြီးက စာအုပ်နာမည်ကြီးနဲ့နော်🤧🤧)
Xia Yao က သူ့အောက်မှ ခေါင်းအုံးကို ဖြဲ၍ Yuan Zong ၏ ခေါင်းနှင့် သူ့ခေါင်း မထိမိစေရန် ကာထားလိုက်သည်။ သို့သော် Yuan Zong က သူ့လုပ်ရပ်ကို ရပ်တန့်မသွား၍ ပေတေ၍ ဆက်လုပ်နေသည်။ Xia Yao ဖြဲလိုက်သော ခေါင်းအုံးကို လွှင့်ပစ်၍ သူ့လက်မောင်းပေါ် Xia Yao အား အိပ်စေသည်။ ထိုအခါ Xia Yao ၏ ခေါင်းမှ ခြေအဆုံး တစ်ကိုယ်လုံးမှာ သူ့ကိုယ်ကြီးထဲ နစ်နေ၏။
Xia Yao က သူလုပ်နေသမျှကို ရပ်၍ Yuan Zong ဘက်အား ကျောပေး၍ အိပ်သည့်အခါ သူ့ကိုယ်ကို တင်းကြပ်စွာ ဖက်ထားနိုင်လေသည်။
အာ.... ဒီပုံက ပိုဆိုးနေပါလား!!!Yuan Zong က သူ၏ မေးကို Xia Yao ၏ ခေါင်းအပေါ် ဖိတင်၍ Xia Yao တစ်ကိုယ်လုံးအား သိမ်းကြုံးဖက်ကာ မေးနှင့် ပွတ်တိုက်နေသည်။ ခနနေတော့ နားရွက်နားသို့ Yuan Zong နှုတ်ခမ်း ကပ်လာခဲ့၏။
" မင်းက အတော်လှတာပဲ..."
Yuan Zong ကိုယ်တိုင်က မည်သူ့ကိုမျှ ချီးကျူးစကား လွယ်လွယ် မပြောခဲ့... အရမ်း အတော် စသည့်စကားလုံးများ သူ့နှုတ်မှ ထွက်ဖို့ ခဲယဉ်းသည်။ ထို့ကြောင့်ပင် သူ့ ချီးကျူးစကားတစ်ခွန်းကြောင့် Shi Tian Biao လခသုံးထောင် အဖြတ်ခံရခြင်း ဖြစ်၏။ အကယ်၍ Yuan Zong ၏ စိတ်ထဲမှ နှစ်နှစ်ကာကာ ချီးကျူးခဲ့သော် ထိုအရာက သာမန်ထက် လွန်ကဲနေ၍သာ ဖြစ်၏။
Xia Yao က လျစ်လျှူရှုရန် ကြိုးစားပေမဲ့ Yuan Zong က ပါးစပ်ဟ၍ စကားပြောသောအခါ သူ့လည်ပင်းနှင့် Yuan Zong နှုတ်ခမ်းတို့ ထိခတ်မိကာ Xia Yao တစ်ကိုယ်လုံး တုန်သွား၏။
ထိုအခါ Xia Yao က သူ့အဖြစ်ကို Yuan Zong သိကာ ပို၍ ဖိအားပေးမည်ကို စိုးရိမ်၍ ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ကာ ပွစိပွစိ ပြောလိုက်သည်။
" ခင်ဗျားက ယောကျာ်းကြီးတွေနဲ့ပဲ အချိန်ကုန်ရတာကိုး... အဲ့ဒါကြောင့် ခင်ဗျားရဲ့ အာရုံခံစနစ်တွေ ပျက်စီးကုန်တာနဲ့တူတယ်... အပြင်လောကမှာ ကျွန်တော့်လို ရုပ်ရည်နဲ့ လူတွေမှ တစ်ပုံကြီး..."" မင်းမှားနေပြီ"
Yuan Zong က ဖြတ်ပြောလိုက်သည်။Xia Yao က စိတ်ထဲမှ အကျယ်ကြီး အော်လိုက်မိသည်။
မှားမှား မှန်မှန်ဗျာ.. ခင်ဗျား ကျွန်တော်ံ့ကို ပွတ်နေတာ ရပ်ပေးလို့ မရဘူးလား
CZYTASZ
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Akcjaချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...