Chapter 138- လက်တစ်ကမ်းအလိုမှ အန္တရာယ်

4.9K 694 33
                                    

Zawgyi

နောက်တစ်နေ့တွင်တော့ သူ့ကိုယ်သူ အတွေ့အကြုံရှိသူဟု ကြွေးကြော်ထားခဲ့သော Li Zhen Zhen တစ်ယောက် ခေါင်းငုံ့ကာဖြင့် ဆရာ Xia ၏ သင်တန်းကို တက်ရောက်လေသည်။

" ယောက်ျားတစ်​ယောက်ကို ကိုယ့်အပိုင်အဖြစ် ချည်ထားချင်ရင် အဲ့ဒီလူရဲ့  ပါတနာရွေးနည်း စမှတ်ကို နားလည်ဖို့ လိုတယ်"

" ဘာစမှတ်ကို ပြောတာလဲ"

" လက်တွေ့အကျိုးရလဒ်.."

Li Zhen Zhen ၏ ဇာမဏီမျက်ဝန်းများ ပြူးကျယ်သွား၏။
" လက်တွေ့ အကျိုးရလဒ်??"

" ဟုတ်တယ်... အဲ့ဒီလက်တွေ့အကျိုးရလဒ်ဆိုတာက တန်ဖိုးအတူတူကို ရင်းနှီးမြှုပ်နှံရင်တောင် အကျိုးအများဆုံးရတဲ့ဟာက်ု ပြောချင်တာ"

ထိုစကားကြောင့် Li Zhen Zhen ဇဝေဇဝါဖြစ်သွားရှာသည်။
" အဲ့လိုသာပြောကြေးဆို ကျွန်တော်နဲ့နေတာ အကျိုးများတယ်လေ... Peng Ze က ကျွန်တော့်အပေါ် တစ်ခါလေးကောင်းလိုက်တာနဲ့ ကျွန်တော်က ဆယ်ဆတောင် ပိုကောင်းပေးတာကို... ဒါပေမဲ့ သူ Liu Xuan ကို တစ်ခါပဲကောင်းကြည့် ဟိုက ကျန်တဲ့ ကိုးခါကို တောင့်တနေမဲ့သူ... ပြောကြည့်လေ... ကျွန်တော်က မသာလို့လား"

" ခင်ဗျား ​​အခုဖြစ်နေတာက လက်တွေ့အကျိုးရလဒ်မဟုတ်ဘူးကွ... သူက ဒီအတိုင်းဈေးပေါတာလို့ပဲ မြင်တာ"
Xia Yao ၏ စကားကို သကာမအုပ်ပဲ တည့်တည့်ပြောချလိုက်သည်။

Li Zhen Zhen က သင်တန်းကြေးအဖြစ်ယူလာသော ချောဆီဗူးကို ဆွဲကာ ထပြန်ရန်ပြင်၏။ Xia Yao က အတင်းဆွဲကာ လေသံနည်းနည်းပြောင်းလိုက်သည်။
" ခင်ဗျား ကျွန်တော့်စကားကို သဘောပေါက်တာ လွဲနေပြီ... ဒီမှာ ကျွန်တော် ပြောပြချင်တဲ့ ​အခြေအနေက ဝယ်သူတွေဟာ သူတို့ဝယ်လိုက်ရတဲ့ပိုက်ဆံထက် အဆပေါင်းများစွာ ဈေးကြီးတဲ့ ပစ္စည်းကို ရရင် အရမ်း​ကြိုက်ကြတယ်... ပြောရမယ်ဆိုရင် ခင်​ဗျား အပြင်မှာ ဆန်သွားဝယ်မယ်ဗျာ.. တစ်အိတ်က ယွမ်တစ်ရာတန်တယ်... ဘေးက တစ်အိတ်က ယွမ်နှစ်ရာတန်... ခင်ဗျားလက်ထဲမှာ ယွမ်တစ်ရာ့ငါးဆယ်ပဲရှိတယ်...ခင်ဗျားရဲ့ ယွမ်တစ်ရာ့ငါးဆယ်နဲ့ ယွမ်တစ်ရာတန်ကို ရတာမြတ်လား နှစ်ရာတန်ကို ရတာမြတ်လား"

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Hikayelerin yaşadığı yer. Şimdi keşfedin