Zawgyi
အလုပ်ပြီးသော နေဝင်ချိန်တွင် တစ်စုံတစ်ယောက် ဖုန်းခေါ်၍ Xia Yao မှာ စိတ်လှုပ်ရှားစွာဖြင့် ကလပ်ထဲ ပြေးဝင်သွားခဲ့သည်။
" ဆရာ... ကျွန်တော့်နောက် လိုက်ခဲ့ပါ"
Xia Yao အခန်းထဲသို့ ရောက်သွားသောအခါ ယောက်ျားလေးတစ်စု မိန်းကလေးတစ်စု ပျော်ပါးနေကြသည်ကို တွေ့၍ ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရာ ထောင့်နားတွင် တစ်ယောက်ထဲ ဆေးလိပ်ထိုင်သောက်နေသော လူကို တွေ့မှ စိတ်အေးသွားသည်။
"Da Yu..."
Xia Yao က တွေ့တွေ့ချင်း ထိုလူ၏ နာမည်ကို အော်ခေါ်လိုက်သည်။Xuan Da Yu တစ်ယောက် စကားပြောနေရာမှ ထိုအသံကို ကြားတော့ အခန်းထဲ ပတ်ရှာသည်။ Xia Yao ကို တွေ့သည်နှက့် မျက်လုံးများ တဖျတ်ဖျတ် လက်ကာ အပျော်ကြီး ပျော်သွားတော့သည်။
" ဟိုကောင် ခွေး..."Xuan Da Yu က ဆိုဖာပေါ်မှ ကျားသစ်တစ်ကောင်ကဲ့သို့ ခုန်ထကာ သူ့ရှေ့မှ လူအားလုံးကို ကန်မိမတတ်ပင် Xia Yao ဆီသို့ ပြေးသွားသည်။ သူ့လက်ကြီးများနှင့် Xia Yao ၏ လည်ပင်းကို တင်းတင်းကိုင်ကာ ဆိုဖာပေါ် ဆွဲချ၍ Xia Yao ၏ အပေါ်မှ တက်ဖိကာ မျက်နှာနှင့် လည်ပင်းများကို အနမ်းပေးသည့်အပြင် အသားကိုပါ ကိုက်နေသေးသည်။
ပုံမှန်ဆို Xia Yao က သူများတွေနှင့် အသားချင်းထိရသည်ကို မကြိုက်သော်လဲ သူငယ်ချင်းဟောင်းနှင့် တွေ့လိုက်ရသော စိတ်လှုပ်ရှားမှုက ထိုအရာကို မေ့သွားစေ၏။ Xuan Da Yu က သူ့အား ဖွဖွ ကိုက်သကဲ့သို့ သူကလဲ ပြန်ကိုက်သည်။ ခဏအကြာမှ နှစ်ယောက်သား ကိုယ်ချင်းခွာ၍ အသက်မနည်း ပြန်ရှူနေကြသည်။
" ငါတို့ နောက်ဆုံးတွေ့တာ ဘယ်လောက်ကြာသွားပြီလဲ.. မအေ... မင်း ငါ့ကို သတိမရပါဘူး... ဟုတ်တယ် မဟုတ်လား.."
Xuan Da Yu က ဒေါသတကြီးနှင့် Xia Yao အား မေးနေသည်။Xia Yao ၏ သွေးရောင် လွှမ်းနေသော မျက်လုံးတို့ကလဲ သူ့ကို အလွတ်မပေး။
" ဘယ်သူက ဘယ်သူ့ကို သတိမရတာလဲ... ပြောပါဦး... ငါ မင်းကို ဘယ်လောက်နှစ်တွေ ကြာအောင် ရှာလဲ မင်းသိလား... ဘယ်သူက မင်းကို နှုတ်ဆက်စကားလေး တစ်ခွနတောင် မပြောပဲ ထွက်သွားခိုင်းလို့လဲ... ပေးခဲ့တဲ့ ဖုန်းနံပါတ်ကလဲ သုံးစားမရပဲနဲ့..."
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...