Zawgyi
ငါးကင်အနည်းငယ်နှင့် ဘာဘီကျူး ဆယ်ချောင်း ဝယ်ပြီးသောအခါ နှစ်ယောက်သား မြစ်ကမ်းဘေးတွင် ထိုင်ကြသည်။
" ခင်ဗျား ဘာလို့ စစ်တပ်ထဲ ဝင်ဖြစ်သွားတာလဲ"
Xia Yao က နိုင်ငံသားတွေကို ကယ်တင်ချင်လို့.. ဒါမှမဟုတ် သေနတ်ထမ်းထားတဲ့ စစ်သားတွေကို လေးစားလို့ စသည့်အဖြေများကို မျှော်မှန်းထားလေ၏။
သို့သော် Xia Yao အံ့သြသွားရသည်က Yuan Zong က ရိုးရှင်းစွာသာ ပြန်ဖြေ၏။
" ကိုယ့်မိသားစုကို တစ်ထောင့်တစ်နေရာကနေ ချောင်လည်စေချင်လို့..."Xia Yao က ဘာမှ ပြန်မပြောပဲ ဘီယာနှစ်ကျိုက် မော့ချလိုက်သည်။
" ကိုယ့်အဖေက ပညာ သိပ်မတတ်ခဲ့ဘူး... ပိုက်ဆံလဲ သိပ်မရှာနိုင်တော့ အိမ်ထောင်ကျတဲ့အချိန်မှာ အသက်သုံးဆယ် ကျော်နေပြီ..ကိုယ့်အမေကတော့ မွေးကတည်းက ချူချာတယ်လေ... ညီမလေးကို မွေးတော့ မေမေအသက် ၄၀ တောင် ကျော်ပြီ..(T/N ဒါ့ကြောင့် ကျပ်မပြည့်တာကိုး)
ညီမလေးကို မွေးပြီး မကြာဘူး မေမေလဲ ဆုံးသွားတယ်... ကိုယ် အထက်တန်းပြီးတာနဲ့ စစ်တပ်ထဲ တန်းဝင်ခဲ့တာ.. အမှန်အတိုင် ဝန်ခံရရင် အိမ်မှာရှိနေတဲ့ စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်ဖို့ စစ်တပ်ထဲ ထွက်ပြေးလာခဲ့တာပေါ့... ပြီးတော့ တပ်ထဲမှာ လေကျင့်ရင်းနဲ့ သူငယ်ချင်းကောင်းတွေ ရလာတယ်.. ပြီးတော့ တပ်ကို ခုံမင်လာတယ် ဒါပါပဲ.."Xia Yao က Yuan Zong ကို ကြည့်ကာ မေးလိုက်၏။
" ခင်ဗျား တပ်ကထွက်လာရတော့ အဲ့ဒါတွေကို လွမ်းမှာပေါ့နော်..."Yuan Zong က ပခုံးတွန့်သည်။
" ကိုယ့်အိပ်မက်က ဟိုးအရင်ထဲက တစ်နေ့နေ့ ကိုယ်ပိုင်လေ့ကျင့်ရေး ကျောင်းတစ်ခု ဖွင့်မယ်ဆိုတာပဲလေ..."Xia Yao က အသားကင်ချောင်းကို ကိုက်ရင်း Yuan Zong ပြောသည်ကို တိတ်ဆိတ်စွာ နားထောင်သည်။ Shi Tian Biao ပြောပြဖူးသည့် အကြောင်းအရာတစ်ရပ်ကိုလဲ သတိရမိလိုက်သည်။ အကယ်၍ Yuan Zong သာ တပ်ထဲ ဆက်ရှိနေပါက မြောက်မြားစွာသော စံချိန်များကို လူအများ လိုက်မမီအောင် ချိုးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်မှ ချီးမြှင့်သော လေ့ကျင့်ရေး ကြီးကြပ်ရေးမှူး တာဝန်ကိုပင် ရနိုင်သည်ဟု..။ Xia Yao က Yuan Zong အပေါ် အားနာစိတ်ဖြင့် သက်ပြင်းခိုးချမိသည်။
VOCÊ ESTÁ LENDO
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Açãoချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...