Chapter 115- သနားစရာ မမလေး Yuan ရယ်

5.5K 831 41
                                    

Zawgyi

" မင်း ဒီကောင်မလေးကို ဘယ်လိုမြင်လဲ"
Xuan Da Yu က Wang Zhi Shui အား Yuan Ru ဓာတ်ပုံပြကာ မေးလိုက်သည်။

Wang Zhi Shui က ဖြတ်ခနဲ ကြည့်ကာ ဂရုမစိုက်ပဲ ပြန်ဖြေသည်။
" ချောသားပဲ"

" လီးကို ချော!"
Xuan Da Yu က အကြောင်းရင်းမရှိပဲ ရုတ်တရက် ဒေါသထွက်လာကာ
" မင်း မျက်လုံးတွေ ကန်းနေတာဖြစ်မယ်... ဒါကြီးကို ချောတယ်... ဒီလောက် ကလက်တက်တက်ဖြစ်နေတာကို... ကြည့်ဦး နို့ကြီးတွေကလဲ အကြီးကြီးပဲ... ကြည့်လိုက်ရုံနဲ့တင် အန်ချင်စရာကောင်းတယ်... ပြီးတော့ ဖင်ကြီးကလဲ အယ်စတုံကြီး... ယောက်ျားဘယ်နှယောက် ကိုင်ထားပြီးပြီလဲတောင် မသိဘူး... ဝေါ့... မြင်တာနဲ့ သားစိတ် မယားစိတ် ကုန်တယ်..."

Wang Zhi Shui က မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။
" အဲ့ဒီတော့..."

Xuan Da Yu ၏ မျက်နှာ အရောင်ပြောင်းသွားပြီး မပြောချင်ပြောချင်နှင့် ပြောလိုက်သည်။
" ပြီးတော့ သူက Xia Yao နဲ့ တွဲနေတာ.."

Wang Zhi Shui က အားရပါးရ အော်ရယ်သည်။

" ဘောမို့ ရယ်တာလား..."
Xuan Da Yu က Wang Zhi Shui ၏ နဖူးကို ရိုက်လိုက်သည်။

Wang Zhi Shui ၏ နဖူးဒဏ်ရာမှာ မပျောက်သေး၍ ဖြည်းဖြည်းလေး ရိုက်လိုက်သည်ကိုပင် အတော်လေး နာသွား၏။

Xuan Da Yu က မသက်မသာ မေးလိုက်သည်။
" မင်းနဖူးက မပျောက်သေးဘူးလား"

" ပျောက်တော့မှာပါ.."

" ပြကြည့်"

Xuan Da Yu က သူ့ရှေ့တွင် ထိုင်နေသော Wang Zhi Shui ကို ဆွဲ၍ နဖူးတွင် ဝဲကျနေသည့် ဆံပင်များကို လက်နှင့် သပ်လိုက်သည်။ ထို့နောက် ဒဏ်ရာကို ကြည့်ကာ မျက်မှောင်ကြုံ့သွား၏။

" အမာရွတ်တွေ ပျောက်အောင် ဆေးခန်းသွားဖို့ ငါ ပိုက်ဆံမပေးဘူးလား... ဘာလို့ အရူးလိုလို လုပ်ပြီး ဒီတိုင်းထားထားတာလဲ..."

Wang Zhi Shui က Xuan Da Yu ကို အာရုံလွှဲရန် ကြိုးစားလိုက်သည်။

" ကျွန်တော်ထင်တာကတော့ Xia Yao က ဟိုတစ်​ယောက်ထက် သူ့အစ်ကို သဘောကျနေတာနဲ့တူတယ်... ဟိုအမကြီးကတော့ cover ပေါ့..."

Xuan Da Yu က တုန်လှုပ်သွား၏။
" မင်းက ဘယ်လိုသိတာလဲ"

" ကျွန်တော်ဆိုရင် သူ့အစ်ကိုကိုပဲ ကြိုက်မှာ..."

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora