Chapter 112- လှုပ်ခါနေသော နှလုံးသား

7.1K 982 18
                                    

Zawgyi

Xia Yao ၏ တခစ်ခစ်ရယ်သံကြားမှ Yuan Zong က စောင်ပေါ်ပိုင်းကို လှပ်ကြည့်လိုက်သည်။ ပြူထွက်လာသော မျက်နှာလေးမှာ အရင်ကနှင့်မခြား ချောမောနေဆဲ။ ခြစ်ရာတချို့ရှိသော်လဲ သူ ဂရုမစိုက်။ ထင်ရှားသော မျက်ဝန်းတစ်စုံက Yuan Zong ၏ ရင်တွင်းကို အရည်ပျော်စေနိုင်သည့် လက်နက်ဖြစ်နေပြန်သည်။ အကယ်၍ ထိုမျက်နှာနုနုလေးတွင် အမာရွတ်များ ကျန်ခဲ့ပါက Yuan Zong ၏ ကျန်ရှိနေသော သက်တမ်းတစ်လျှောက် နောင်တများစွာနှင့်သာ နေထိုင်ရတော့မည်ဖြစ်၏။

Xia Yao ၏ မကျက်သေးသော ဒဏ်ရာများကိုတွေ့တော့ Yuan Zong က ဘာစကားမှ ပြောမထွက်တော့။

Xia Yao ၏ မျက်နှာလေးတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်ထွက်လာ၏။ Yuan Zong ၏ လည်ပင်းကို လက်နှင့် ထိတွေ့ကစားကာ ထိုလူကြီးအား သူ့ကိုယ်ပေါ် အတင်းတက်စေလိုက်ပြီး ဆော့နေ၏။

Yuan Zong က Xia Yao ၏ တုံ့ပြန်မှုကြောင့် အံ့သြသွား၏။ Xia Yao ၏ ဆံပင်လေးများကို လက်ချောင်းနှင့် ပွတ်သပ်ရင်း ငေးကြည့်နေလိုက်သည်။

" မျက်လုံးအကြီးနဲ့ အသေးကိစ္စကို ဒီအတိုင်း ထားလိုက်တော့မလို့လား..."

Xia Yao က ခဏ တွေးနေလိုက်၏။ ထိုအကြောင်းကို တွေးမိတော့ နေ့လည်က Xuan Da Yu နှင့် သူ့အား မကျေနပ်မှုများ ပြေသွားသည်ကို ပြန်တွေးမိပြီး ပျော်သွားပြန်၏။ Xia Yao မျက်နှာလေးက ရွှင်ပျနေပြီး Yuan Zong ၏ ကျောကို ဖွဖွ ပုတ်ပေးလိုက်သည်။

" ကျွန်တော်က အရမ်းကြီးကျယ်နေတယ်လို့များ ထင်နေတာလား..မျက်နှာလေးတစ်ခုပါပဲဗျာ... ဒီလောက်လဲ မဆိုးပါဘူး... မျက်လုံးအကြီးနဲ့ အသေးဆိုတော့ရော ဘာဖြစ်လဲ..မိုက်တောင် မိုက်သေးတယ် ဖက်ရှင်ကျတယ်လေ.. အမာရွတ်လေး ရတော့ရော ဘာဖြစ်မှာလဲ.. ယောက်ျားပီသတယ်မဟုတ်လား... တကယ်လို့ ကျွန်တော့် မျက်နှာတစ်ခုလုံး ပျက်စီးသွားရင်တောင် မျက်တောင်တစ်ချက် ခတ်မှာ မဟုတ်ဘူး..."

Xia Yao ပြောနေပုံမှာ မနေ့ညက တစ်ညလုံး မျက်နှာကို မှန်တကြည့်ကြည့် လုပ်နေသူမှာ သူမဟုတ်သကဲ့သို့ပင်။

Yuan Zong က Xia Yao ၏ မျက်နှာကို လူတွေ ဝိုင်းလက်ညှိုးထိုးကြသည့်အခါ ဒေါသထွက်နေမည့် Xia Yao ပုံစံလေးကို မြင်ယောင်မိသည်။ Xia Yao က သူ့မျက်နှာကို အရမ်းအလေးထားသူဖြစ်လေရာ ထိုမျက်နှာကို ပျက်စီးစေသူများအား အလွတ်ပေးလိမ့်မည်မဟုတ်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora