Zawgyi
ညနေခင်းတွင် Xia Yao က သူ၏ ခါတိုင်း ညနေစာအတွက် သင်တန်းတွင် နေခဲ့သည်။ စောစောလေးကပင် သူ့ IPad ကို ယူကာ စသော Yuan Zong အား Xia Yao တစ်ယောက်စိတ်ဆိုးနေပေမဲ့ မွှေးကြိုင်လှသော ဟင်းနံ့ရရချင်း ကျေနပ်သွားလေ၏။
Yuan Zong ၏ နားရွက်ကို ကိုက်လိုက်သော သာလိကာလေးကို ပြန်စဉ်းစားမိသောအခါ Xia Yao တစ်ယောက်ထဲ အူယားကာ ပြုံးနေ၏။
ထို့ကြောင့် ကုန်းကုန်းကွကွဖြင့် မီးအလျှော့အတင်းလုပ်နေသော Yuan Zong ကို မြင်သောအခါ Xia Yao က လက်နှစ်ဖက်ကို ဖြန့်ကာ ဖြည်းဖြည်းချင်း လျှောက်သွား၍ ကုန်းနေသော တင်ပါးနှစ်ဖက်လုံးကို အားကုန် ညှစ်လိုက်လေသည်။
အရိပ်တစ်ခုက Yuan Zong ၏ မျက်လုံးထောင့်တွင် ဖြတ်သွားသော်လဲ မလှည့်ကြည့်ပဲ ဟင်းသာ ဆက်ချက်နေသည်။ မီးပြင်ပြီးသောအခါ ဒယ်အိုးထဲတွင် ထည့်ထားသော ဟင်းကို ဆက်မွှေနေ၏ယ
Xia Yao က Yuan Zong အား ကြည့်သည်။... ဘာမှမဖြစ်ဘူးလား...
မဖြစ်နိုင်တာ... Yuan Zong ကဲ့သို့ သူများရှေ့တွင် တည်တည်ကြည်ကြည်နေတတ်သူများက သူတို့ကို စနောက်ရင် လုံးဝ မခံနိုင်ပေ။ သူတို့တွင် အရှက်နှင့် သိက္ခာက ပို၍ အရေးကြီးသည်ဟု ခံယူထားသူများ ဖြစ်ကြ၏။ Yuan Zong က သူ့ကို ဒီလိုစသူအား လုံးဝခွင့်လွှတ်မည်သူမျိုး မဟုတ်ပေ။
... ဒါမှမဟုတ် သူ့အသားအရေက ကြမ်းတမ်းလွန်းလို့ပဲ သူ ကိုင်တာကို ဘာမှ မခံစားရတာလား...
ထိုသို့တွေးကာ Xia Yao က လက်ချောင်းများတွင် အားထည့်၍ သည်တစ်ခါ တင်ပါး၏ အသားအများဆုံး နေရာကို ရွေးကာ အားအပြည့်ဖြင့် ညှစ်ပြန်သည်။ Yuan Zong ၏ လည်ပင်းတွင် ရှိသော သွေးကြောမှာ ပေါက်ကွဲထွက်မတတ် ထောင်တက်လာသည်။ သူ အတော် စိတ်ဆိုးနေပုံရသည်ကို ဖော်ပြနေသည့်ဟန်။ သို့သော် ဂရုမစိုက်သကဲ့သို့ မီးကို ထပ်လျှော့ကာ အိုးကို အပူပေးသည်။
သူမမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသောအခါ Xia Yao တစ်ယောက် စိတ်ပျက်သွားသည်။ သည်တစ်ခါတော့ Yuan Zong ၏ တင်ပါးကို လက်ဝါးဖြင့် အားရပါးရ ပွတ်သည်။ မပူမချင် လုံးဝ လွှတ်မပေးပဲ ပွတ်နေ၏။
ESTÁS LEYENDO
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Acciónချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...