Chapter 136- ငါ့လူနဲ့ ဝေးဝေးနေ

5.6K 681 21
                                    

Zawgyi

Xia Yao က သူ့ရင်ဘတ်ပေါ် ရောက်လာသော လက်ကို စိုက်ကြည့်ရင်း အေးစက်စက် ပြောလိုက်သည်။
" မင်းရဲ့ ခွေးလက်ကို ဖယ်လိုက်"

ခပ်ကြမ်းကြမ်း လူကြီးမှာ သူ့ကိုစော်ကားသော စကားမျိုး ပထမဆုံး ကြားဖူးသည်ထင်၏။ ချက်ချင်းထဆဲကာ Xia Yao မျက်နှာကို လက်သီးနှင့် ရွယ်၏။

Xia Yao က မျက်တောင်တစ်ချက်ပင် မခတ်ပဲ ထိုလူ၏ လက်ကို မြှောက်ကိုင်လိုက်ကာ လက်မောင်းနားအား လက်သီးတစ်ချက်ကျွေးလိုက်၏။ နာလွန်း၍ အော်နေသော ထိုလူကြီးအား Xia Yao တစ်ချက်ကန်လိုက်ရာ နှစ်မီတာလောက် လွင့်ထွက်သွားသည်။

ထို့နောက် ဘေးနားမှ နောက်တစ်ယောက်၏ ဆံပင်ဖုတ်ကို ဆောင့်ဆွဲရင်း အောက်ပိုင်းမှ ဝိုက်၍ ကန်လိုက်တော့ ထိုသူပါးစပ်မှ သွေးများ ရဲရဲနီလာ၏။ Xia Yao က တခြားတစ်ယောက်ဆီသို့ ပြောင်းကာ လက်နှစ်ဖက်ကို ချုပ်၍ အနောက်မှ ဆွဲရင်း လမ်းဘေးနံရံနှင့် ရိုက်ချလိုက်သည်။ ခေါင်းနှင့်ဆောင့်မိသွားသဖြင့် ထိုသူ မေ့မျောသွားလေ၏။

ကျန်နေသေးသော တစ်ယောက်က အစကတော့ လက်သီးရွယ်နေသေးသော်လဲ သူ့ဘော်ဒါများ တစ်ယောက်ပြီးတစ်ယောက် အဖြုတ်ခံလိုက်ရသောအခါ ကြောက်ကြောက်နှင့် ​ရှေ့တိုးမလာရဲ။

" ထွက်သွားစမ်း"
Xia Yao က အော်လိုက်သည်။

Yuan Ru က ကြောင်နေရာမှ Xia Yao ကို လာဆွဲ၏။
" အဲ့လို မလုပ်ပါနဲ့... သူတို့က ကျွန်မ သူငယ်ချင်းတွေပါ"

" ကားထဲ ဝင်နေ"
Xia Yao အသံမာမာနှင့် ပြောသည်။

" သူတို့နဲ့ လိုက်သွားမှာ"

" မင်းကို ကားထဲ ဝ​င်နေလို့ ပြောနေတယ်နော်"
Xia Yao ၏ မျက်လုံးများက ကျားတစ်ကောင်လို စူးရှနေ၏။

Yuan Ru ၏ ခေါင်းများ ထုံလာသည်။ Xia Yao ၏ နှုတ်ခမ်းနုနုလေးမှ ထိုကဲ့သို့သော အမိန့်အာဏာသံ ထွက်လာမည်ဟု သူတစ်ခါမှ မတွေးဖူးခဲ့။ Xia Yao တွင် ကြောက်မက်ဖွယ် စွမ်းအားရှိနေမှန်း သူအခုမှ နားလည်လိုက်သည်။

သူ့အစ်ကိုတစ်ယောက်လုံးကို သစ္စာရှိခွေးတစ်ကောင်အဖြစ်ပြောင်းနိုင်သူက ပေါ့သေးသေးတော့ မဟုတ်ဘူးလေ..

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Where stories live. Discover now