Zawgyi
သူ့ခန္ဓာကိုယ်ကို သူ့ထက်ပင် တိတိကျကျသိနေသော Yuan Zong ကြောင့် Xia Yao ၏ စိတ်ထဲတွင် မုန်းတီးနေမှုများ အနည်းငယ် လျော့ပါးသွားရ၏။
" ခင်ဗျားဖုန်းက video call ခေါ်လို့ ရလို့လား"
Xia Yao က မေးလိုက်သည်။Yuan Zong က ခဏငြိမ်သွားပြီး ပြန်ဖြေသည်။
" ကိုယ့်ညီမရဲ့ ဖုန်းကို ခဏယူသုံးထားတာ"Xia Yao က ဗီရိုဘေးရှိ မှန်ကို ဆွဲကာ သူ့မျက်နှာကို တစ်ချက်ကြည့်လိုက်တော့ မေးရိုးနားရှိ ဒဏ်ရာမှ မကျက်သေးပေ။ လွန်ခဲ့သည့် နှစ်ရက်က Hei Bao ကုမ္ပဏီမှ Hei Zi ဆိုသူနှင့် ရန်ဖြစ်ရင်း မေးရိုးထိခိုက်သွား၏။ သို့သော် အဆိုးဆုံးဒဏ်ရာမှာ လည်ပင်းရှိ အမာရွတ် ဖြစ်၏။ ထိုနေ့ညက Xuan Da Yu အမူးလွန်ကာ ကြိုးဖြင့် ချည်ထားသော ဒဏ်ရာမှာ ငြင်းမရအောင် ထင်ရှားလွန်းနေ၏။
ထိုဒဏ်ရာများ အမာရွတ်များကြောင့် Xia Yao က ပြန်ဖြေသည်။
" ကျွန်တော်ကတော့ ခင်ဗျားညီမရဲ့ ဖုန်းကို မသုံးစေချင်ဘူး"" ကိုယ် စစ်ကြည့်ပြီးပါပြီ... အသံဖမ်းထားလို့ ရတာမျိုး မရှိပါဘူး..."
" မသိဘူးဗျာ... ကျွန်တော်ကတော့ မသုံးစေချင်ဘူး"
Xia Yao က ခေါင်းမာမာနှင့် ဆက်ပြောသည်။" ဘာလို့လဲ"
Yuan Zong က မေးလိုက်သည်။Xia Yao က ဆင်ခြေပေးရန် စဉ်းစားရင်း ပြန်ဖြေလိုက်သည်။
" ဒီအတိုင်း... ခင်ဗျား ကျွန်တော့်ကို ပို လွမ်းနေအောင်လို့"Xia Yao ၏ နှုတ်ဖျားမှ ထွက်လာသော ချစ်ရည်လွှမ်းသည့် စကားလုံးများက ပထမဆုံးဖြစ်နေသောကြောင့် Yuan Zong စိတ်ထဲ ဝေခွဲမရဖြစ်နေသည့်တိုင် Xia Yao ကို ချစ်လွန်းသည့်စိတ်က ကြီးစိုးနေသောကြောင့် ထိုစကားတွင် အမှန် တစ် ရာခိုင်နှုန်းသာ ပါသည်ဖြစ်စေ Yuan Zong ၏ နှလုံးသားကို ထိုးဖောက်နိုင်စွမ်းရှိ၏။
" အဲ့ဒါဆို ကင်မရာကို အောက်စိုက်ထားလေ... မင်းရဲ့ ညီသေးသေးလေးကို ကိုယ် အရမ်းလွမ်းနေပြီ"
Yuan Zong က ပြောလိုက်သည်။Xia Yao ၏ ချောမောလှသော မျက်နှာမှာ ရုတ်တရက် ပူနွေးလာ၏။
" တော်ပါဗျာ"" ဘာလို့လဲ"
Yuan Zong က Xia Yao အား မရပ်မနား စနောက်၏။Xia Yao က အေးစက်စက် ရယ်လိုက်သည်။
" ကျွန်တော့် ညီသေးသေးလေးက နှစ်ကုန်မှာ အသားတွေ ပိုတောင် တိုးလာသေးတယ်... တော်တော်လေး ဝနေပြီ ခင်ဗျား မြင်ရင် ကြောက်မှာစိုးလို့..."
ESTÁS LEYENDO
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Acciónချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...