Zawgyi
မိနစ်လေးဆယ်ခန့်အကြာတွင် Yuan Zong ကားက Xia Yao အိမ်ရှေ့သို့ ရောက်လာ၏။
Xia Yao က သူ့အခန်းထဲ ပိုက်ဆံထိုင်ရေနေချိန် Xia မေမေက အိမ်ရှေ့ခန်းတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။
ပြင်းထန်သော မုန်တိုင်းပြီးနောက် Xia အိမ်တွင် ငြိမ်သက်သော လေပြေလေး တိုက်ခတ်စ ပြုလာသည်။
တစ်ခုခု ပြောင်းလဲသွားသလားမေးရင်တော့ ဝရန်တာတွင် ငှက်လှောင်အိမ်လေး မရှိတော့သည်ကိုသာ ဖြေရပါလိမ့်မည်။
Xia Yao အိမ်တွင် ဝရန်တာ သုံးခုရှိလေရာ ငှက်လှောင်အိမ်လေးမှာ ဘယ်နားတွင်မှ ရှိမနေသည်ကို Yuan Zong သိလိုက်ရသည်။
Yuan Zong ရပ်နေသည့် Xia Yao တို့ ခြံထောင့်မှ သစ်ပင်ကြီးအောက်က မြေဖို့ဖို့လေးမှာ မြေအသားမကျသေးပေ။ ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသော Yuan Zong မှာ နှလုံးသားတစ်ခုလုံး ကွဲကြေသွားသလို ခံစားလိုက်ရသည်။
သာလိကာလေးနှင့် Xia Yao တို့ သူ့ကုမ္ပဏီတွင် ပျော်ပျော်ပါးပါး ဆော့ကစားနေပုံကိုလည်းကောင်း ငှက်လေးနှစ်ကောင်သား မြေပဲဆံများ သေချာခွာ၍ ကျွေးနေသော Xia Yao အပြုံးကိုလည်းကောင်း ပြန်လည် မြင်ယောင်နေမိ၏။ Xia Yao သင်ပေးသော အဆဲစကားများနှင့် သူ့ရှေ့တွင် မပီတပီ လာဆဲ၍ Xia Yao နှင့် နှစ်ကောင်သား ရယ်မောနေကြသည်ကိုပင် သတိရမိသေးသည်။
ထိုငှက်လေးကပင် Yuan Zong ကို လိုက်စရဲကာ ထိုငှက်လေးပင် Xia Yao ၏ ညည်းသံများကို လိုက်တုတတ်ပြီး သာလိကာကြီးနှင့်ပေါင်းကာ လင်မယားလုပ်တန်းပင် ကစားခဲ့ကြသေးသည်။
ဒီနေ့တွင်တော့ Yuan Zong ၏ ခြေအောက်မှ မြေပုံထဲ ရောက်နေပြီး ဘယ်နေ့ဘယ်အချိန်က သေဆုံးသွားသည်ကိုပင် သူမသိခဲ့ရပေ။
ထိုငှက်လေးကို နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်ရချိန် Xia Yao ဘယ်ပုံဘယ်သို့ဖြစ်နေမည်ကို Yuan Zong စဉ်းစား၍ပင် မရနိုင်ပေ။
ရုတ်တရက် ဆောင်းဦးလေအေးက တိုက်ခတ်လာသည်။ မိုးနှောင်းကို နှုတ်ဆက်သည့်မိုးက ဆောင်းဦး၏ ဖူးပွင့်စသစ်ရွက်လေးများကို ကြွေကျပျက်စီးသည်အထိ တိုက်ခတ်သွားလေ၏။
BINABASA MO ANG
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...