Zawgyi
Yuan Ming Yuan လမ်းမ အရှေ့ဘက်တစ်နေရာတွင် Xia Yao သည် တခြားရဲတစ်ယောက်နှင့်အတူ ခြုံခို တိုက်ခိုက်ရန် ပုန်းအောင်းနေ၏။ တစ်နှစ်ကျော် ပိုက်စိပ်တိုက် ရှာဖွေစုံစမ်းမှူ၏ ရလဒ်အရ ဤနေရာကို အလွန်အန္တရာယ်ရှိသော အဖွဲ့အစည်းတစ်ခု လာမည်ဟု သိရပြီး ထိုအထဲတွင် A အဆင့်ရှိ လူသတ် မှုခင်းတရားခံ နှစ်ယောက်လဲ ပါမည်ဟု သတင်းရသည်။
Xiao Hui မှာ လက်ထဲက နာရီအား စိတ်လှုပ်ရှားစွာ ငုံ့ကြည့်သည်။ ရိုးသားစွာ ဝန်ခံရလျှင် မှုခင်းဌာနခွဲကို ရောက်သည်မှာ နှစ်တစ်ဝက်သာ ရှိသေး၍ ဤကဲ့သို့သော အန္တရာယ်ရှိသည့် မစ်ရှင်မျိုးတွင် ပါဝင်ရသည်မှာ ပထမဆုံး ဖြစ်၍ ဂဏှာမငြိမ် ဖြစ်နေ၏။ ပြေးလွှားနေသော တရားခံကို ဖမ်းရသည်ထက်ပင် သူ့စိတ်ကို လှုပ်ရှားစေ၏။
တစ်ဖက်မှ Xia Yao ကတော့ တည်ငြိမ်စွာပင် အာရုံစူးစိုက်လျက်ရှိသည်။ လာသမျှကားတိုင်းကို မလွတ်တမ်း စောင့်ကြည့်နေရင်း နှုတ်ခမ်းသားများပင် သွေ့ခြောက်မနေပေ။
ကောင်းကင်မှာ မှောင်ရိပ်ပင် သန်းလာပေပြီ။ သူတို့မြင်ကွင်းထဲသို့ ဟွန်ဒါကားတစ်စီး ဝင်လာ၏။
အဖွဲ့ခေါင်းဆောင်က ကားကိုတား၍ အထဲမှ ခရီးသည်များကို တစ်ယောက်ချင်း စစ်ဆေးနေသည်။
သို့သော် အဆိုပါ ဟွန်ဒါသည် ကားရပ်ရမည့်အစား အရှိန်မြှင့်ကာ ယာဉ်ကြပ်နေသော လမ်းမကြီးထဲ ဇွတ်ဝင်သွား၏။ အခြေအနေကို သိလိုက်ရသည်နှင့် ရဲအရာရှိများလဲ အနီးကပ် လိုက်ပါသွားကြသည်။ သံသယတရားခံမှာ လမ်းမကြီးပေါ်သို့ မောင်းချပြီးမှ အဝေးပြေးလမ်းထဲ ကွေ့ဝင်သွား၏။
ရဲများ ထပ်ကြပ်မကွာ လိုက်လာသည့်အပြင် သံသယတရားခံ၏ ကားတာယာမှာ ပေါက်ထွက်သွား၍ ကားလမ်းမတွင် တုံ့ခနဲ ရပ်သွား၏။ လူခုနစ်ယောက်ခန့် ကားထဲမှ ထွက်ကာ ရဲများကို သေနတ်နှင့် လှမ်းပစ်ကြ၏။
" ဆင်းခဲ့ကြ.."
သူတို့ ခေါင်းဆောင်က အဖွဲ့သားများအား အမိန့်ပေး၏။ကြောက်မက်ဖွယ် ကျည်ဆန်များသည် ကားမှန်အား ဇကာပေါက် ဖြစ်စေကာ ရဲအရာရှိများအား တုန်လှုပ်သွားစေ၏။
CZYTASZ
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Akcjaချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...