Chapter 16- အိမ်လေးထဲမှ ချစ်ခြင်းများ

8K 1K 18
                                    

Zawgyi

Xia Yao တစ်ယောက် မဖိတ်ခေါ်ထားသော ဧည့်သည်ကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် Meng Xin ဘက်တွင်လဲ မယုံနိုင်စရာ ဟာသတစ်ခု ဖြစ်နေ၏။

ကြီးမားလှသော တိုက်ဆိုင်မှုပေလားတော့မသိ... Yuan Ru ၏ အိမ်ထောင်ဘက်တွေ့သည့်နေရာမှာလဲ ထိုကော်ဖီဆိုင်သာ ဖြစ်သည်။ ( အိမ်ထောင်ဘက် တွေ့ဖို့ စီစဉ်သူကြီးကိုတော့ သိမှာပေါ့နော်...)

ရုတ်တရက် Yuan Ru သည် ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။ ကော်ဖီဆိုင်၏ ထောင့်တစ်နေရာတွင် Xia Yao သည် တခြားကောင်မလေးနှင့် အတူထိုင်နေ၏။ ရယ်စရာကောင်းသည်က Xia Yao ၏ ကျေနပ်နေသော မျက်နှာပင်...

Yuan Ru ၏ တစ်ကိုယ်လုံး ဒေါသလှိုင်းများ ထလာ၏။ Xia Yao အား ဤကဲ့သို့ ပျော်ရွှင်နေမည်ဟု တွေးပင် မထင်ထားပေ။ အထူးသဖြင့် Xia Yao လို မြုံနေသော ကာမအား မစွမ်းနိုင်သော လူတစ်ယောက် အဖို့ ကောင်မလေးတစ်ယောက်နှင့် ပျော်ပျော်ကြီး ချိန်းတွေ့နိုင်ပါသလား..။
" ရှင်က တခြားတစ်ယောက်နဲ့ ဒီလို တွေ့တယ်ပေါ့လေ... သူ့ကြည့်တော့ သုံးစက္ကန့်ပဲ ကြာတာများ... ချိန်းတွေ့ဖို့ အားရှိသေးတယ်ပေါ့... ဒါက တစ်ရာရာခိုင်နှုန်း လိမ်လည်မှုပဲ..."

သူမ အတွေးတို့ဖြင့် ချာချာလည်နေစဉ် Xia Yao က Yuan Zong ထံသို့ ပြေးသွား၏။

သို့သော် Xia Yao ထိုင်နေသော နေရာလွတ်မှာ ကြာကြာပင် မလွတ်နိုင်။ Xia Yao ၏ ချိန်းတွေ့မှုကို ဖျက်ရန် ကြံနေသော Yuan Ru က ထိုနေရာသို့ အပြေး ဝင်ထိုင်သည်။ ထို့နောက် လိုသည်ထက် ပိုသော အပြုံးဖြင့် Meng Xin အား နှုတ်ဆက်သည်။
" ဒီက ညီမလေးလဲ အိမ်ထောင်ဘက်တွေ့ဖို့ လာတာလား"

ရုတ်တရက်ကြီး ဘယ်ကမှန်းမသိ ရောက်လာသော ဧည့်သည်ကြောင့် Meng Xin တစ်ယောက် လန့်သွားပုံရပေမဲ့ မျက်နှာကို ချက်ချင်းပြန်ထိန်းကာ ယဉ်ကျေးစွာ ပြန်နှူတ်ဆက်သည်။ ထို့ကြောင့် ခေါင်းညိတ်ကာ အဖြေပေးသည်။

ဒါဆို အမှန်ပဲပေါ့..... Yuan Ru က အံကြိတ်သည်။ ထို့နောက် သူမကိုယ်သူမအား ဒုက္ခရောက်လုနီးနီး မိန်းကလေးတစ်ယောက်ကို ကယ်တင်သူဟု အတင်းကြီး ခံယူလိုက်သည်။ တစ်ဖက်မိန်းကလေးအပေါ် မိန်းမသားတစ်ယောက်အနေနှင့် လုပ်သင့်သည့် ကိစ္စဟု သတ်မှတ်သည်။

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်حيث تعيش القصص. اكتشف الآن