Zawgyi
အခန်းထဲမှ လူအားလုံး စိတ်အားထက်သန်စွာ ပြောနေကြတော့ သူတို့၏ အပျော်လေးများကို မဖျက်ဆီးစေချင်သည့်စိတ်ဖြင့် တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်သည်။
Xia Yao က ညာဘက်၏ နောက်ဆုံးတန်းနားတွင် ထိုင်နေသည်ဖြစ်ရာ စင်ပေါ်သို့ ရောက်ရန် Yuan Zong ကို ဖြတ်မှရမည်။
တစ်ဖက်တွင် Yuan Zong ကတော့ ခြေနှစ်ချောင်းကို ချိတ်ထိုင်နေသဖြင့် Xia Yao အတွက် နေရာမလွတ်။ Yuan Zong ကလဲ လုံးဝဖယ်ပေးလိုစိတ်မရှိ။ ထို့ကြောင့် Xia Yao က စကားစပြောရသည်။
" ကျေးဇူးပြုပြီးတော့ လမ်းလေးဖယ်ပေးလို့ ရမလားဗျ..."
Yuan Zong က မျက်နှာမာတင်းနေပြီး တစ်ကိုယ်လုံး တောင့်တောင့်ကြီး ထိုင်နေတော့ ဖြတ်သွားလို့မရပေ။
" ခြေထောက်လေး ဖယ်ပေးပါလား"
Xia Yao က ထပ်ပြောလိုက်သည်။Yuan Zong က ခြေနှစ်ချောင်းကို အတင်းကား၍ သံတိုင်နှစ်တိုင်ကဲ့သို့ တင်းကြပ်စွာ ထားရာ Xia Yao အတွက် ရွေးချယ်စရာနှစ်ခုသာ ရှိသည်။ Yuan Zong ၏ ခြေထောက်ကို တက်နင်း၍ ဖြတ်သွားမလား... ကိုယ့်နေရာကိုယ် အေးအေးဆေးဆေး ပြန်ထိုင်နေမလား...
Xia Yao က Yuan Zong မျက်ဝန်းထဲမှ သတိပေးသည့်အကြည့်ကို သိ၏။ Xia Yao သိချင်သည်က Yuan Zong မျက်ဝန်းထဲမှ အကြောက်တရား၏ အဓိပ္ပါယ်... သူမကတတ်၍ ပွဲတစ်ခုလုံး ပျက်စီးသွားမည်ကို စိုးသည်လား... စောစောက ဒါရိုက်တာ Yuan ရဲ့ နှလုံးသားကို သိမ်းပိုက်ထားသည့်ကောင်လေးထက် သူ့အကက လွှမ်းမိုးသွားမည်ကို Yuan Zong ကြောက်နေသည်လား...
အတိုချုံးပြောရရင်တော့ Yuan Zong မျက်လုံးထဲမှ အကြောက်တရားကြောင့် Xia Yao တစ်ယောက် သွေးကြွလာပြီး ကြောက်စိတ်ကင်းမဲ့သွား၏။
ထို့ကြောင့် Xia Yao က Yuan Zong ထိုင်နေသော ခုံ၏ အနောက်ဘက်မှ ကျော်ခွကာ စင်ပေါ်သို့ ပြေးတက်သွား၏။ ရုတ်တရက် လက်ခုပ်သံများ လက်ခေါက်မှုတ်သံများ အားပေးသံများ ဆူညံသွား၏။
Xia Yao အတွက် အင်္ကျီလဲရန်အထိ မလိုအပ်။ သူ ဝတ်လာသည်က တီရှပ် ပေါ့ပေါ့ပါးပါးနှင့် ဂျင်းဘောင်းဘီအရှည်ကို တွဲဝတ်၍ ဘေ့စ်ဘောဦးထုပ်ကို နောက်ပြန်ဆောင်းထားသည်။ ဆလိုက်မီး ထိုးထားသောအခါ Xia Yao ၏ အချိုးကျသော ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်နေသည့်နှယ် ကြည့်ကောင်းလွန်းနေ၏။
ESTÁS LEYENDO
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Acciónချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...