Zawgyi
ထင်သည့်အတိုင်း မိုးသီးမိုးပေါက်များ ပြင်းထန်စွာ ကျဆင်း၍ မိုးရွာသည်ထက်ပိုကဲသော ဆိုးရွားသည့် မုန်တိုင်းတစ်ခု ရောက်လာလေသည်။ ပြတင်းပေါက်ကို ဤမျှတင်းကြပ်စွာ ပိတ်ထားသည့်တိုင် အပြင်မှာ လေတိုက်သံများကို ကျယ်လောင်စွာ ကြားရသည်။ ပြင်းထန်သော မိုးရေစက်များ ပြတင်းပေါက်မှန်အား ကျယ်လောင်စွာ ရိုက်ခတ်သံကြောင့် Xia Yao ၏ နှလုံးခုန်နှုန်းမှာ ပြင်းထန်ကျယ်လောင်ကာ မအီမအာ ဖြစ်နေ၏။
တံခါးဘက်သို့ မျက်နှာမူကာ အပြင်သို့ ဒေါသတကြီး ကြည့်လိုက်သည်။
လေကြမ်းကြမ်းများ မတိုက်ပဲ မိုးပဲ ရွာရင်တောင် တော်သေး၏။ အခုက လေက ရိုးရိုးလေပင်မဟုတ် မုန်တိုင်း မိုးသက်လေပြင်းမျိုး ဖြစ်သည့်အတွက် Yuan Zong ကိုင်ထားသော ထီးသည် လေကိုပင် မကာနိုင်တော့ပေ။ အရွက်များလန်ကာ ထီးရိုးမှ မပြုတ်ထွက်ရန် ကုပ်တွယ်ထားလေသည်။
" ကားထဲ ဝင်နေစမ်းပါကွား......"
Xia Yao က ဒေါသနှင့် အော်ဟစ်လိုက်သည်။သူ့အော်သံက Yuan Zong အား ထွက်မသွားစေပဲ Xia မေမေ၏ အကြားအာရုံထဲ ရောက်သွား၏။
" သားရေ ဘာဖြစ်လို့လဲ..".
Xia Yao သည် စိတ်ကို ငြိမ်အောင်ထားကာ အသက်ဝအောင်ရှူ၍ တံခါးအပြင်သို့ အော်လိုက်သည်။
" ဘာမှ မဖြစ်ဘူး မေ""လျှပ်စီးတွေ လက်ပြီး လေတွေတိုက်နေတယ်သားရေ.. ပြတင်းပေါက်ကို သေချာ ပိတ်အိပ်နော်...".
" ဟုတ်"
ထိုသို့ ပြန်ဖြေပြီးနောက် Xia Yao သည် တံခါးကို အားပြင်းစွာ ဆွဲဖွင့်လိုက်သည်။
( စကားနားထောင်တဲ့ သားလေး)" ဝင်လာခဲ့"
Yuan Zong က ပြတင်းပေါက်မှ အခန်းထဲသို့ စက္ကန့်ပိုင်းအတွင်း စွေ့ခနဲ ခုန်ချလာသည်။ Xia Yao အဖို့ Yuan Zong ၏ တည်ငြိမ်လှသော မျက်နှာပြင်တွင် ရိသဲ့သဲ့ အပြုံးကို မြင်နေရသကဲ့သို့ပင်။
Xia Yao က Yuan Zong ၏ ရွှဲရွှဲစိုနေသော ကိုယ်ကိုကြည့်၍ ရေချိုးခိုင်းလိုက်သည်။ ဗီရိုထဲရှိ အကြီးဆုံး ညဝတ်အင်္ကျီကို Yuan Zong အား လှမ်းပေးလိုက်သည်။
YOU ARE READING
Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်
Actionချမ်းသာကြွယ်ဝသော ရှေးခေတ်မင်းမျိုးနွယ်ဆက် Xia Yaoသည် မိန်းကလေးများ၏ အသည်းစွဲ ချောမောလှပသူ ဖြစ်၏။ Yuan Zong မှာ အထူးတပ်ဖွဲ့မှ အနားယူပြီးနောက် ကိုယ်ရံတော် လေ့ကျင့်ပေးသည့် ကုမ္ပဏီ ဖွင့်ထားသည်။ Yuan Zong ၏ ညီမ Yuan Ru သည် Xia Yao ကို တစ်ဖက်သတ်ကြိုက်နေသူ...