Chapter 108- အမွှေးတုံးလေး

6.7K 967 27
                                    

Zawgyi

" အမွှေးရိတ်ရတော့ အလုပ်ရှုပ်တာပေါ့... မ...မလိုတော့ပါဘူး... မခွဲတော့ဘူး.. လေ့ကျင့်ခန်းပဲ လုပ်ပြီး ပြန်ကောင်းအောင် လုပ်တော့မယ်"

သူနာပြုက လက်ထဲမှ စာရွက်ကို ရမ်းပြသည်။
" ဒါပေမဲ့ ရှင်ဒီမှာ လက်မှတ်ထိုးပြီးပြီလေ"

Xia Yao ၏ ဖူးယောင်နေသော မျက်နှာမှာ စိတ်ပျက်မှုများ ပြည့်နှက်သွား၏။ ယောက်ျားလေးအင်္ဂါကို ကာကွယ်မဲ့ အမွှေးမရှိပဲ ဘယ်လိုနေရမှာလဲ... ပြီးတော့ အဲ့အမွှေးကို ရိတ်ပေးမှာက... ဘယ်သူလဲ.. သူနာပြုတော့ မဟုတ်လောက်ပါဘူးနော်...

သူနာပြုလေးက Xia Yao ၏ စိုးရိမ်စိတ်ကို ရိပ်မိသွားဟန်တူ၏။
" လူနာရှင်က အမွှေးရိတ်ပေးမဲ့ ကိစ္စကို တာဝန်ယူပေးပါနော်.. ဒီပစ္စည်းတွေက ပိုးသတ်ထားပြီးသား..  အဆင်ပြေတဲ့အချိန် ရိတ်ထားလိုက်ပါ"

ထိုသို့ပြောကာ သူနာပြုလေးက ပစ္စည်းအိတ်ကို ချ၍ ထွက်သွားလေသည်။

Yuan Zong က ပိုးသတ်ထားသော အိတ်ကိုဖွင့်ကာ အမွှေးရိတ်စက်နှင့် ခရင်မ်ကို ယူလိုက်သည်။ ထို့နောက် စောင်ကိုဖယ်၍ Xia Yao ဘောင်းဘီကို ဆွဲကိုင်၏။

" ဝေ့... ခင်ဗျား ဘာလုပ်တာလဲ"
Xia Yao က သူ့ဘောင်းဘီကို ထိနေသော Yuan Zong ၏ လက်ကို အတင်းဆွဲလိုက်သည်။
" ခင်ဗျား ရိတ်ပေးစရာမလိုပါဘူး... ကျ...ကျွန်တော် ကိုယ့်ဟာကိုယ်ရိတ်မယ်... ခ..ခ..ခင်ဗျား ဝေးဝေးသွားနေ"

Yuan Zong က ဒေါသထွက်သော်လဲ စိတ်ပြန်ထိန်း၍ ညင်ညင်သာသာရှင်းပြသည်။
" မင်းကိုယ်မင်း ပြန်ကြည့်ဦး... ဘာကို ကိုယ့်ဟာကိုယ် ရိတ်မှာလဲ... မတ်မတ်တောင် ထိုင်နိုင်လို့လား... မျက်လုံးရော ဖွင့်လို့ရလား.. မှားရိတ်မိလို့ ဒဏ်ရာတွေရကုန်ရင် ဘယ်လိုလုပ်မလဲ"

" ခင်ဗျား ထူပေးလေ... အဲ့ဒါဆို ထိုင်နိုင်မှာပေါ့"
Xia Yao က ခေါင်းမာဆဲ...

Yuan Zong က ပြုံးစိစိနှင့် ဆက်မေးသည်။
" မင်းကိုထူပေးပြီး အမွှေးရိတ်တာ ထိုင်ကြည့်ရမှာလား"

Xia Yao မျက်နှာ အေးစက်သွား၏။... သူ့ကို အဲ့ဒါကြည့်ခိုင်းလို့ ဘယ်ဖြစ်မှာလဲ...

" မ..မဟုတ်ဘူး... ကျွန်တော် ထိုင်လို့ရအောင် ထူပေးပြီး အပြင်ထွက်နေ.."

Advance Bravely 'ရဲရင့်သော ခြေလှမ်း' မြန်မာဘာသာပြန်Donde viven las historias. Descúbrelo ahora